« « မာတိကာ Table of Contents


၂၃း ကိုယ်တော်ကိုချီးမွမ်းကြလော့ကျူး
Praise Him! Praise Him!

ဆာ ၁၄၆း၂

ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်၊ လူအပေါင်းတို့
မေတ္တာတော်ကိုကြွေးကြော်၊ ဘုန်းအာနုဘော် ကိုယ်တော်၌ ရှိစေသတည်းဟု၊
ကောင်းကင်တမန် မင်းများတို့၊ ပြောကြားလော့။ သိုးထိန်းကဲ့သို့ ယေရှုသည်
သူငယ်များကို၊ တနေလုံးလက်တော်နှင့် ပွေ့လျက်ဆောင်၏။ ချီးမွမ်း၊
ချီးမွမ်း၊ ဂုဏ်သရေ အကြောင်းကိုပြောပါ၊ ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။

ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်၊ ကိုယ်တော်မြတ်သည်၊
လက်ဝါးကပ်တိုင်ပေါ်မှာ၊ ကျွန်ုပ်တို့ အပြစ်များကြောင့် ခံထိုက်သောဒဏ်ပင်၊
ခံတော်မူပြီ၊ အမှန်ကယ်တော်မူ၏။ ကျွန်ုပ်တို့၏ ဝမ်းနည်းခြင်း
ဆောင်တော်မူပြီ၊ မေတ္တာတော်ကို ချီးမွမ်း၍ မကုန်ပါ၊ ချီးမွမ်း၊
ချီးမွမ်း၊ ဂုဏ်သရေ အကြောင်းကိုပြောပါ၊ ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။

ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်၊ ကောင်းကင်ဘုံမှာ၊
နာမ တော်ချီးမွမ်းကြ၊ သခင်ယေရှု စဉ်မပြတ် အုပ်စိုးတော်မူမည်၊
သရဖူကို ခေါင်းတော်ပေါ်မှာဆောင်း၏။ ကိုယ်တော်ကြွလာ၊ ရန်သူတို့
ကိုအောင်ခြင်းငှါ ဘုန်းတန်ခိုး၊ ကိုယ်တော်၌ ရှိစေသတည်း။ ချီးမွမ်း၊
ချီးမွမ်း၊ ဂုဏ်သရေ အကြောင်းကိုပြောပါ၊ ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.