« « မာတိကာ Table of Contents


၄၁း မင်္ဂလာဆုကျူး
Come, Thou fount of every blessing

၁ ရာ ၇း၂၁

 

မင်္ဂလာဆုပေါင်း ဖြစ်ပွါးရာ၊ ယေရှုရှင်၊ မ တော်မူပါ။
နေ့ရက်တိုင်း ခံရာဆုကျေးဇူး။ နေ့ရက်တိုင်း ချီးမွမ်းလိုမူ။
ကောင်းကင်ဘုံသား ကျူးသောလင်္ကာ၊ တုပြိုင်လျက် ချီးမွမ်းလိုပါ။
မေတ္တာတော်တိုင်းထက် လွန်ကြီးပေ၊ မေတ္တာပင် ပြန်ပို့လိုလေ။
 
ခုတိုင်အောင် မစတော်မူလို၊ ဧဗနေဇာ ထူထောင်လို။
မ စ တော်မူ ကျေးဇူးကြောင့်ပေ။ ရွှေပြည်တော် ငါစောင့်စားလေ။
လမ်းလွဲလျက် ဘေးရောက်လုသောခါ၊ ယေရှုရှင် ငါ့ကိုလိုက်ရှာ။
ငါ့သက်ကို ကယ်တော် မူလိုငှာ၊ သက်တော်မြတ် စွန့်လေတကား။
 
ကျေးဇူးတော်သည် ထူးမြတ်လွန်လေ၊ ကျေးဇူးတော် အောက်မေ့လိုပေ။
ကျေးဇူးရှင်၊ ထိုကျေးဇူးအားဖြင့် ကျွန်ုပ်စိတ်ကို နှောင်စေချင်။
မှားမိလွန်းလို့၊ စိတ်ပျက်လုပါ၊ ချစ်ဖွယ်ရှင် ကယ် မ သနား၊
ကျွန်ုပ်စိတ်ကို ယူတော်မူလျှင်၊ ကောင်းကင်ဘုံက ပြင်ပါရှင်။

 

»» View in PDF adobe_pdf_file_icon_24x24


Back to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.