၇၄း နားထောင်ကောင်းကင်သားကြွေးကြော်
Hark the Herald angels sing
လု ၂း၁၄
နားထောင်ကောင်းကင်သားကြွေးကြော် ခုဘွားမြင်ဘုရင့်ဘုန်းတော်။ ကမ္ဘာပေါ်တွင်ငြိမ်သက်စေ။ ကောင်းကင်ဘုံတွင်ဘုန်းကြီးစေ။ ပြစ်ရှိသူများချမ်းသာ၍၊ ဘုရားသခင်နှင့်ဆုံတွေ့။ ဗက်လင်မြို့တွင်ကယ်တင်ရှင်၊ ဘွားမြင်ပြီ၊ ငါတို့သခင်။ နားထောင်ကောင်းကင်သားကြွေးကြော်၊ ခုဘွားမြင်ဘုရင့်ဘုန်းတော်။ |
ကောင်းကင်ဘုံသားတို့ဘုရင်၊ ထာဝရခရစ်တော်ရှင်၊ ချိန်တန်ကာလဆင်းသက်၍၊ ကညာဝမ်း၌ကိန်းအောင်းလေ။ လူ့ဇာတိကိုယ်တော်မြတ်ဆောင်။ ကယ်တင်အံ့ငှါလူတို့ဘောင်။ ဧမာနွေလဆင်းသက်ပြီ၊ လူတို့တွင်တည်တော်မူသည်။ နားထောင်ကောင်းကင်သားကြွေးကြော် ခုဘွားမြင်ဘုရင့်ဘုန်းတော်။ |
ကောင်းကင်ဘွား၊ ငြိမ်သက်အရှင်။ တရားမင်း၊ ဘုန်းကြီးဘုရင်၊ အလင်းအသက်စည်းစိမ်မျိုး။ ဘေးဒဏ်ပေါင်းကင်းရှင်းတန်ခိုး။ ပေးပိုင်ရှင်သခင်မြတ်သည် လူထာဝရသက်တည်ကြည် ရစိမ့်သောငှါကောင်းကင်မှ ဆင်းသက်သည်းခံဘွားမြင်ရ၊ နားထောင်ကောင်းကင်သားကြွေးကြော် ခုဘွားမြင်ဘုရင့်ဘုန်းတော်။ |