« « မာတိကာ Table of Contents


၁၉၆း မိတ်ဆွေယေရှုကျူး
What a friend we have in Jesus

သု ၁၈း၂၄

ငါတို့ပြစ်နှင့် ဝမ်းနည်းခြင်းများ၊ ခံရန်မိတ်ဆွေ ယေရှုရှိ၊
ဆုတောင်းခြင်းဖြင့် ထံတော်ချဉ်းကပ်၊ ခွင့်သည်အံ့ဘွယ် ဖြစ်ပေ၏။
ငြိမ်သက်ခြင်းကို ကြိမ်ဖန်စွန့်ပစ်၊ မခံသင့် ဝန်ထမ်းခဲ့ပြီ။
ကိုယ်တော်ထံတွင် ဆုတောင်းခြင်းဖြင့်၊ မယူဆောင်ခြင်း ကြောင့်ဖြစ်သည်။

ငါတို့တွင် စုံစမ်းနှောင့်ရှက်ခြင်း၊ ဆင်းရဲဒုက္ခ ရှိသလား။
ဘယ်ခါမျှ စိတ်မပျက်စေရာ၊ ဆုတောင်းလျက် ထံတော်ချဉ်းပါ။
ဝမ်းနည်းခြင်းမျိုးခံ မိတ်ဆွေလို၊ သစ္စာရှိသူ တွေ့မည်လား။
ငါတို့အားနည်းခြင်း ယေရှုသိ၊ ဆုတောင်းလျက် ထံတော်ချဉ်းပါ။

ပင်ပန်းလှစွာ ဝန်ထုပ်လေး၍၊ အားနည်းလျက် ရှိကြသလား၊
ကယ်တင်ရှင် မှီခိုရာဖြစ်ပေ၊ ဆုတောင်းလျက် ထံတော်ချဉ်းပါ။
မိတ်ဆွေများ ရွံရှာစွန့်ပစ်လျှင်၊ ဆုတောင်းလျက် ထံတော်ချဉ်းပါ။
လက်တော်ဖြင့် ကွယ်ကာစောင့်မ မည်၊ ထိုမှာ နှစ်သိမ့်ရာကိုရှာ။

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.