« « မာတိကာ Table of Contents


၁၉၈း ကိုယ်တော်နှင့်နီးစေပါကျူး
Nearer, my God to Thee

ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား၊ ကားတိုင်ဖြင့်
မြှောက်သော်လည်း၊ ဤပတ္ထာနာ။ အစဉ် လျှောက်ထားလိုပါ။
ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။

ထွက်ပြေး ယာကုပ်ကဲ့သို့၊ နေဝင်ပြီးမှ၊ ကျောက်ခဲသာ
ခေါင်းအုံးဘို့၊ ရနိုင်သော်ကား၊ ညဥ့်နက်တွင် အိပ်မက်မှာ၊
ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။

စီရင်တော်မူသမျှ၊ ကျွန်ုပ်လျှောက်ရာ၊ ကောင်းကင်လှမ်း
တက် လှေကား ဖြစ်စေမူပါ၊ ကောင်းကင်သားနှင့် တကွ။
ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။

သို့လျှင်၊ နိုးသောအခါ၊ ချီးမွမ်းစိတ်ရှိ၊ ဒုက္ခကျောက်
ခဲများဖြင့်၊ ဗေသလ တည်မည်။ ဆင်းရဲအားဖြင့် လျှင်သာ။
ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။

သို့တည်းမဟုတ်၊ ဝမ်းသာ ရွှင်မြူးသဖြင့်၊ နေလ၊ ကြယ်
များ၊ လွန်လျက်၊ ပျံတက်ရလျှင်၊ အစဉ်ပင် လျှောက်လိုပါ။
ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.