၂၂၈း သစ္စာနှင့်စောင့်နေကျူး
Will Jesus find us watching
| ရှင်ယေရှု ကြွလာတော်မူ ပြန်သောခါ၊ နေ့ညဘယ်အချိန် မဆို၊ သစ္စာနှင့် ငါတို့စောင့်နေ ကြသလား၊ မီးခွက်များကို ပြင်လျက်နှင့်။ အို ငါတို့ အသင့်ရှိနေ ကြသလား၊ ဝိညာဉ်စံရာ အိမ်တော်ဖို့၊ ငါတို့ စောင့် နေခြင်း ကိုယ်တော် တွေ့မည်လား၊ စောင့်လျက်၊ ကိုယ်တော်ကြွလာခြင်း စောင့်လျက်။ |
တယောက် နောက်တယောက် ကိုယ်တော် ခေါ်မူလျှင်၊ မိုးလင်း အာရုဏ်တက်ချိန်ခါ၊ အပ်ထားဘဏ္ဍာ ကိုယ်တော်ထံ ပြန်ဆက်လျှင်၊ သာဓု ခေါ်တော်မူ မည်လား။ အို ငါတို့ အသင့်ရှိနေ ကြသလား၊ ဝိညာဉ်စံရာ အိမ်တော်ဖို့၊ ငါတို့ စောင့် နေခြင်း ကိုယ်တော် တွေ့မည်လား၊ စောင့်လျက်၊ ကိုယ်တော်ကြွလာခြင်း စောင့်လျက်။ |
| မှတ်ထားမူရာ ငါတို့ ပြုကြပြီလား၊ ခွန်အားသတ္တိ ရှိသမျှ၊ ငါတို့၏ စိတ်ပြစ်တင်ခြင်းမှ ကင်းသော်၊ ငြိမ်သက် ချမ်းသာခြင်းရမည်။ အို ငါတို့ အသင့်ရှိနေ ကြသလား၊ ဝိညာဉ်စံရာ အိမ်တော်ဖို့၊ ငါတို့ စောင့် နေခြင်း ကိုယ်တော် တွေ့မည်လား၊ စောင့်လျက်၊ ကိုယ်တော်ကြွလာခြင်း စောင့်လျက်။ |
စောင့်နေသူများ မင်္ဂလာရှိစေသော၊ ဘုန်းတော်ဝင် စံစားရမည်။ နေ့ချိန် သန်းခေါင်ယံချိန် ဖြစ်စေလာသော်၊ စောင့်နေလျက် တွေ့လိမ့်မည်လား။ အို ငါတို့ အသင့်ရှိနေ ကြသလား၊ ဝိညာဉ်စံရာ အိမ်တော်ဖို့၊ ငါတို့ စောင့် နေခြင်း ကိုယ်တော် တွေ့မည်လား၊ စောင့်လျက်၊ ကိုယ်တော်ကြွလာခြင်း စောင့်လျက်။ |
