❮ Prev . . . ၃၅ ၃၆ အခန်းကြီး ၃၇ ၃၈ ၃၉ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃၇
၃၇း၃ ယောသပ် (Joseph) လက်ထက်တွင် လူတိုင်း၌ ဝတ်ရုံရှိသည်။ ထိုဝတ်ရုံကို နွေးထွေးရန် အတွက်သော်လည်းကောင်း၊ ခရီးသွားရာ၌ ပစ္စည်းများ ထုပ်ပိုးရန်လည်းကောင်း၊ ကလေးများကို ပိုးသော အနှီးအဖြစ် လည်းကောင်း၊ ထိုင်စရာအဖြစ် လည်းကောင်း၊ ငွေချေးသော အခါ၌ အာမခံပစ္စည်း အဖြစ်လည်းကောင်း အသုံးပြုသည်။ ဝတ်ရုံတို့သည် ဒူးခေါင်းအထိ ရှည်ပြီး ပိတ်အရောင် တစ်မျိုးတည်းဖြင့် ချုပ်ကာ လက်တို ဝတ်ရုံဖြစ်သည်။ ယောသပ်၏ ဝတ်ရုံသည် မင်းများဝတ်သော ဝတ်ရုံကဲ့သို့ လက်ရှည်ဖြစ်ပြီး ခြေဆစ်အထိ ရှည်ကာ အရောင်စုံ ဖြစ်သည်။ ထိုဝတ်ရုံကို ပေးခြင်းသည် ယောသပ်အား ယာကုပ် (Jacob) မျက်နှာသာပေး သကဲ့သို့ ဖြစ်ပြီး ယင်းကြောင့် ယောသပ်နှင့် ညီအစ်ကိုတို့ အကြား တင်းမာနေသော ဆက်ခံရေးကို ပို၍ ဆိုးဝါးလာစေသည်။ မိသားစုအတွင်း မျက်နှာသာ ပေးမှုသည် ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း အိမ်ထောင် အတွင်း၌ ကွဲပြားစေသည့်အထိ မဖြစ်သင့်ပါ။ မျက်နှာသာ ပေးမှုကို မိဘများအနေဖြင့် ပြောင်းလဲနိုင်မည် မဟုတ်သော်လည်း အခြားကလေးများ အပေါ်၌ ပြုမူမှုကို မိဘများမှ ပြောင်းလဲလုပ်ဆောင် နိုင်သည်။
❮ Prev . . . ၃၅ ၃၆ အခန်းကြီး ၃၇ ၃၈ ၃၉ . . . ၅၀ ဒေသနာကျမ်း Next ❯