❮ Prev . . . ၇ ၈ အခန်းကြီး ၉ ၁၀ ၁၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၉
၉း၁ ဤကျမ်းပိုဒ်များ၌ ယေရှုအပေါ် တုန့်ပြန်မှု (၄) မျိုးကို တွေ့ရသည်။ အနီးအပါး၌ ရှိသောသူများသည် မယုံကြည် နိုင်လောက်အောင် အံ့သြခဲ့ကြသည်။ ဖာရိရှဲ (Pharisees) တို့က မယုံကြည် မလိုလားခဲ့ကြပါ။ မိဘတို့သည် ယုံကြည် ခဲ့ကြသော်လည်း ကြောက်ရွံ့သောကြောင့် တိတ်ဆိတ်စွာ နေခဲ့ကြသည်။ ပြန်လည် ကျန်းမာလာသော သူသည်သာ စစ်မှန်သော တုန့်ပြန်မှုကို ပြခဲ့ပြီး ယုံကြည်ခြင်း တိုးပွားခဲ့သည်။
၉း၂-၃ ဂျူးလူမျိုး (Jewish) တို့၏ ဓလေ့ထုံးစံအရ ဒုက္ခ၊ ဆင်းရဲမှုတို့သည် ကြီးမားသော အပြစ်ကြောင့် ဖြစ်သည်ဟု ထင်ကြသည်။ ယေရှုသည် ထိုသူ၏ ဒုက္ခကို အသုံးပြု၍ ယုံကြည်ခြင်း၊ ဘုရားသခင်အား ချီးမြှင့်ခြင်း တို့ကို သင်ပေးခဲ့သည်။ ကျဆုံးနေသော ဤကမ္ဘာ၌ ကောင်းသောအမှုကို ပြုသောသူသည် အစဉ်အမြဲ သူ့ကျေးဇူးကို မခံစားရသကဲ့သို့ မကောင်းမှုကို ပြုသောသူသည်လည်း အစဉ်အမြဲ ဆုံးမခြင်းကို မခံရတတ်ပါ။ ထို့ကြောင့်လည်း အပြစ်မဲ့သော သူများသည် ရံဖန်ရံခါ ဒုက္ခရောက်ကြရသည်။ အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့တောင်းဆိုသော ဒုက္ခများကို အမြဲဖယ်ရှားပစ်လျှင် ကျွန်ုပ်တို့ကလည်း ဘုရားသခင် နောက်သို့ သက်တောင့်သက်သာ ရရှိရန်အတွက် လျှောက်လိုက်ခြင်းသာ ဖြစ်ပေမည်။ ဘုရားသခင်အား ချစ်၍ ဘုရားသခင်အား ဝတ်ပြုလို၍ လိုက်လျှောက်ခြင်း မဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် မည်သို့သော အကြောင်းကြောင့် ဒုက္ခရောက်သည် ဖြစ်ပါစေ။ ယေရှုနှင့် ထိုအရာကို ကိုင်တွယ် ဖြေရှင်းနိုင်သည့် တန်ခိုးရှိသည်။ သင်၌ ရောဂါ ဖြစ်ခြင်း၊ ဒုက္ခအခက်အခဲ ကျရောက်ခြင်းတို့ ကြုံတွေ့ရသောအခါ၌ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ပါသနည်း ဟူသော မေးခွန်းကို မမေးမိရန် ကြိုးစားပါ။ ထိုကဲ့သို့ မေးခွန်းကို မေးမိမည့်အစား ထိုအရာတို့ကို ကျော်လွှားနိုင်ရန် ခွန်အားနှင့် ကြည်လင်သော အမြင်ဖြင့် ဖြစ်ပေါ်နေမှုများကို မြင်နိုင်ရန် ဘုရားသခင်အား တောင်းခံပါ။
❮ Prev . . . ၇ ၈ အခန်းကြီး ၉ ၁၀ ၁၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯