❮ Prev . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၀
၁၀း၁ ညအချိန်၌ သိုးများကို သိုးခြံ၌ စုဆောင်းခဲ့ခြင်းဖြင့် သူခိုးဘေး၊ ရာသီဥတုဘေး၊ သားရဲတိရစ္ဆာန်ဘေးတို့မှ ကာကွယ် ပေးသည်။ သိုးခြံသည် လိုဏ်ဂူ၊ သစ်သား (သို့) ကျောက်တုံးတို့ဖြင့် ကာရံထားသော ခြံဖြစ်သည်။ သိုးထိန်းသည် သိုးတို့ကို ကာကွယ်မှုပေးရန်၊ သိုးခြံ၌ အိပ်စက်လေ့ ရှိသည်။ သိုးထိန်းသည် သိုးတို့ကို စောင့်ထိန်းသကဲ့သို့ ကောင်းသော သိုးထိန်းဖြစ်သည့် ယေရှုသည် သူ၏ နောက်တော်သို့ လိုက်လျှောက်သော သူများအား ကာကွယ် စောင့်ရှောက်မှုကိုပေးသည်။ ပရောဖက် (Prophet) ယေဇကျေလ (Ezekiel) က မေရှိယ (Messiah) အား သိုးထိန်းဟု ခေါ်ခဲ့သည် (ယေဇကျေလ အနာဂတ္တိ ၃၄း၂၃)။
၁၀း၇ သိုးခြံ၌ သိုးထိန်းသည် တံခါးကဲ့သို့ဖြစ်ပြီး သိုးများကို ဝင်စေခြင်း၊ ကာကွယ်မှုပေးခြင်းကို ပြုသည်။ ယေရှုသည် ဘုရားရှင်၏ ကယ်တင်ခြင်း တရား၌ တံခါးကဲ့သို့ ဖြစ်သည်။ သိုးထိန်းသည် လုံခြုံမှု၊ ကာကွယ်မှုတို့ကို ပေးသောသူလည်း ဖြစ်သည်။ လူများတို့သည် ဘုရားရှင် ထံတော်သို့ သွားရောက်နိုင်မည့် တစ်ခုတည်းသော တံခါးဖြစ်သော ယေရှုကို ငြင်းပယ်ခဲ့ကြသည်။ ယေရှုသည် သားတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဘုရားရှင်ထံသို့ တိုးဝင်နိုင်မည့် အခြားသော နည်းလမ်းကို ရှာဖွေကြပါသနည်း။
❮ Prev . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯