❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၇
၁၇း၁၄ လောကသားတို့သည် ခရစ်ယာန် ဘာသာဝင်တို့အား မုန်းတီးခြင်းမှာ ခရစ်ယာန်တို့၏ တန်ဖိုးသည် ဤလောကမှာ ထားသော တန်ဖိုးနှင့် ကွာခြားမှုရှိသည်။ ခရစ်တော်၏ နောက်တော်သို့ လိုက်သောသူများသည် ဤလောက၏ အပြစ်နှင့် ပေါင်းဖက်ခြင်း မရှိသင့်ပါ။ ဤလောကကြီး၏ ကောင်းမှုများကို ထောက်ပြမည့် အသက်ရှင်သော သက်သေများ ဖြစ်ကြသည်။ ဤကမ္ဘာကြီးသည် စာတန် (Satan) ၏ စီမံခန့်ခွဲမှုနောက်သို့ လိုက်နေပြီး စာတန်သည် ယေရှုနှင့်သူ၏ လူတို့အတွက် ရန်သူလည်း အစဉ်ဖြစ်သည်။
၁၇း၁၇ ခရစ်တော်၏ နောက်တော်သို့ လိုက်သော သူသည် ဘုရားရှင်၏ စကားတော်များကို ယုံကြည်ခြင်း၊ လိုက်နာခြင်း အားဖြင့် သန့်ရှင်းစင်ကြယ်ခြင်းသို့ ရောက်သည် (ဟေဗြဲ ၄း၁၂)။ သူသည် ခရစ်တော်၏ အသေခံခြင်းအားဖြင့် အပြစ်လွတ်ခြင်းကို ရသည် (ဟေဗြဲ ၇း၂၆-၂၇)။ သို့သော် နေ့စဉ် အသက်တာ၌ ဘုရားရှင်၏ စကားတော်များကို အသက်ဝင်စေခြင်းသည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို သန့်ရှင်းစေသည်။ ကျမ်းစာသည် အပြစ်ကို ညွှန်ပြခြင်း၊ အပြစ်ဝန်ချရန် အားပေးခြင်း၊ ခရစ်တော်နှင့် မိဿဟာယ ပြုခြင်းကို အသစ်ဖြစ်စေလျက်၊ ကျွန်ုပ်တို့အား မှန်ကန်သောလမ်းသို့ လမ်းညွှန်ထိန်းကျောင်းပေးသည်။
❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯