❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၈
၁၈း၂၅-၂၇ သင်၏ အရှင်သခင်အား စစ်ကြောနေသော အချိန်၌ သင်သည် အပြင်အရပ်၌ စောင့်ဆိုင်းချိန်၊ မေရှိယ (Messiah) ဟု သင်က ယုံကြည်စောင့်ဆိုင်း နေသောသူအား နှိပ်စက်ငြင်းပန်းခြင်းကို ကြည့်ချိန်တို့ကို စဉ်းစားပုံဖော် ကြည့်ပါ။ သဘာဝအားဖြင့် ပေတရုသည် ကြောက်ရွံ့ ရှုပ်ထွေးနေပေလိမ့်မည်။ ခရစ်တော်ကို ငြင်းပယ်ခြင်းသည် ကြီးမားသောအပြစ် ဖြစ်သော်လည်း ယေရှုသည် ပေတရုအား အပြစ်လွှတ်ခဲ့သည်။ သင်သည် ထိုအဆိုးဝါးဆုံးသော အပြစ်မှလှည့်၍ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့လျှင် ယေရှုရှင်သည် သင့်အား ခွင့်လွှတ်ပေလိမ့်မည်။
၁၈း၂၅ အခြားသော ခရစ်ဝင်ကျမ်းများ၌ ပေတရု (Peter) ၏ ငြင်းဆန်ခြင်းသည် ကာယဖ (Caiaphas) ၏ နန်းတော်ရှေ့ မီးလှုံရာ နေရာ၌ ဖြစ်ပေါ်ခဲ့သည်ဟု ရေးထားသည်။ ယောဟန် (John) သည် ပေတရု၏ ပထမဦးဆုံးအကြိမ် ငြင်းဆန်မှုကို အန္နတ်မင်း (King Annas) ၏ နန်းတော်ရှေ့၌၄င်း၊ ဒုတိယနှင့် တတိယ ငြင်းဆန်မှုများကို ကာယဖ၏ နန်းတော် ရှေ့၌၄င်း ဖြစ်ခဲ့သည်ဟု ရေးထားသည်။ အန္နတ်မင်းနှင့် ကာယဖတို့သည် ကြီးမားသော၊ ယဇ်ပရောဟိတ် နန်းတော်တစ်ဖက်စီ၌ နေသောကြောင့် အထက်ပါ နန်းတော်ရှေ့ နေရာသည် တစ်နေရာတည်းjဖစ်နိုင်သည်။
❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯