« « မာတိကာ Table of Contents


ဆာလံ ၂၃

Key – C
Intro – C G C C G C G
C G C
ထာဝရဘုရားသခင်သည် ကျွန်ုပ်၏သိုးထိန်းရှင်
C Dm G
သာယာသောမြစ်နားသို့ လမ်းပြသည်
F G Em Am
စိုပြေစိမ်းလန်းအရပ်မှာ ကျွန်ုပ်ကို အိပ်စေသည်
C G C
ဘယ်အခါမျှ ကျွန်ုပ်သည် ဆင်းရဲခြင်းမရှိပေ

F C
ကြောက်စရာသေမင်း လွမ်းမိုးသော ချိုင့်အလယ်
G C C7
လျှောက်သွားခဲ့ရသော်လည်း ဘေးဒုက္ခကို မကြောက်ဘူး
F C
ဘုရားမြတ်၏လက်တော်သည် ကျွန်ုပ်အား မစမူမည်
G C
လုံခြုံသော အရပ်သို့ ပို့ဆောင်မည်

ကျွန်ုပ်၏ ရန်သူများရှေ့ မှောက်တွင်
ကျွန်ုပ်အတွက် သူ စားပွဲခင်းကျင်းပေးသည်
ကျွန်ုပ်၏ဦးခေါင်းကို ရနံ့သင်းဆီလိမ်းပေးမူမည်
ကျွန်ုပ်ခွက်သည် လျှံလျက်ပြည့်လျက်ရှိနေ

SOLO F C G C C7 F Em A7 Dm G C G

ကျွန်ုပ်ဝိညာဉ် ခွန်အားဖြည့်ဆည်းပေးကာ
အလိုတော်လမ်းသို့ ကျွန်ုပ်အားသွေးဆောင်သည်
ကိုယ်တော်ကျေးဇူးဂရုဏာ တစ်သက်လုံးခံစားပြီး
ကျွန်ုပ်သည် အထံတော်မှာ အစဉ်အမြဲရှိလိမ့်အုံးမည်

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.