၆၆း ဘုရားသခင်အားဘုန်းကြီးစေသောကျူး
To God be the Glory
ဆာ ၂၉း၂
ဘုရားမြတ် သခင်အား ဘုန်းကြီး စေသတည်း၊ လောကကို ချစ်သောကြောင့် သားတော်ကို စွန့်ပြီ၊ ပြစ်ဖြေလွှတ် ဆေးကြောရန် သက်တော်မြတ် စွန့်ရာ၊ လူတိုင်းတို့ ဝင်စေရန် သက်တံခါး ဖွင့်ထား။ ချီးမွမ်းလော့၊ ချီးမွမ်းလော့၊ လောက သံတော် ကြားစေ။ ချီးမွမ်းလော့၊ ချီးမွမ်းလော့၊ လူတို့ ဝမ်းမြောက်ကြစေ၊ သားတော်ဖြင့် အဘထံတော်မြတ် ဝင်ကြပါ၊ ပြုထား မဟာမှုကြောင့် ဘုန်းတော် ထင်ရှားစေ။ |
သွေးတော်ဖြင့် ဝယ်သော ကယ်တင်ခြင်း ပြည့်စုံလှ၊ ယုံကြည်သူ တိုင်းဘို့ ကတိတော် လာသည်ကား၊ ဆိုးယုတ်ဆုံး ပြစ်မှားသူ အမှန်ယုံကြည်လျှင်၊ ထိုခဏချင်းတွင် ပြစ်လွှတ်ခြင်းကို သိမြင်။ ချီးမွမ်းလော့၊ ချီးမွမ်းလော့၊ လောက သံတော် ကြားစေ။ ချီးမွမ်းလော့၊ ချီးမွမ်းလော့၊ လူတို့ ဝမ်းမြောက်ကြစေ၊ သားတော်ဖြင့် အဘထံတော်မြတ် ဝင်ကြပါ၊ ပြုထား မဟာမှုကြောင့် ဘုန်းတော် ထင်ရှားစေ။ |
ကြီးသောမှု သင်ပေးပြီ၊ ကြီးသောမှု ပြုပြီ၊ သားတော်မြတ်ကြောင့် ငါတို့ ဝမ်းမြောက်ခြင်း ကြီး၏၊ သို့သော် ယေရှုရှင်ကို ဖူးတွေ့ရသောခါ၊ အံ့သြ ဝမ်းမြောက်ခြင်းသာ၍ ကြီးမည်မှန်ပါ။ ချီးမွမ်းလော့၊ ချီးမွမ်းလော့၊ လောက သံတော် ကြားစေ။ ချီးမွမ်းလော့၊ ချီးမွမ်းလော့၊ လူတို့ ဝမ်းမြောက်ကြစေ၊ သားတော်ဖြင့် အဘထံတော်မြတ် ဝင်ကြပါ၊ ပြုထား မဟာမှုကြောင့် ဘုန်းတော် ထင်ရှားစေ။ |