၁၀၄း အသွေးတော်ကျူး
There is a fountain filled with blood
ဇာ ၁၃း၁
အသွေးနှင့် ပြည့်သောတွင်း ပွင့်ပြီ၊ ဧမာနွေလ အသွေး၊ ထိုသွေးတော်၌ နှစ် မြုပ်သူသည် အပြစ်နှင့် ကင်းစင်လေ။ အပြစ်နှင့် ကင်းစင်လေ။ အ ပြစ်နှင့် ကင်းစင်လေ။ ထိုသွေးတော်၌ နှစ်မြုပ်သူသည် အပြစ်နှင့် ကင်းစင်လေ။ |
တိုင်၌ဆွဲသော ဓားပြသေစဉ်၊ ထိုတွင်းမြင်သော် ဝမ်းသာ၊ ငါပင်သူမျှဆိုး ယုတ်သော်လည်း၊ အပြစ်မှ ကင်းရှင်းရာ။ အပြစ်မှ ကင်းရှင်းရာ။ အ ပြစ်မှ ကင်းရှင်းရာ။ ငါပင်သူမျှ ဆိုးယုတ်သော်လည်း၊ အပြစ်မှ ကင်းရှင်းရာ။ |
သတ်ခြင်းခံသော၊ အို သိုးငယ်မြတ်၊ သွေးတော် တန်ခိုးမြဲတည်၊ ရွေးတော်အသင်း လုံး စုံအချွတ်၊ အပြစ် ဖြေရှင်းတတ်၏။ အပြစ် ဖြေရှင်းတတ်၏။ အ ပြစ် ဖြေရှင်းတတ်၏။ ရွေးတော်အသင်း လုံးစုံအချွတ်၊ အပြစ် ဖြေရှင်းတတ်၏။ |
ဒဏ်ရာတော်က အသွေးစီးယို၊ ကျွန်ုပ်မြင်စမှသည်၊ ရွေးနုတ်မေတ္တာတော် သီချင်းဆို၊ သေခြင်း တိုင်အောင်ဆိုမည်။ သေခြင်းတိုင်အောင်ဆိုမည်။ သေခြင်းတိုင်အောင်ဆိုမည်။ ရွေးနုတ်မေတ္တာတော် သီချင်းကို၊ သေခြင်းတိုင်အောင်ဆိုမည်။ |
ထိုနောက်၊ ဤ လေးဆွံ့အ သောလျှာ၊ သင်္ချိုင်းတွင် တိတ်သော်လည်း၊ ကယ်တင်တန်ခိုး၊ ဂုဏ် တော်အများ၊ မြင့်ကောင်းကင်၌ ဆိုမည်၊ မြင့်ကောင်းကင်၌ဆိုမည်၊ မြင့် ကောင်းကင်၌ဆိုမည်၊ ကယ်တင်တန်ခိုး၊ ဂုဏ်တော်အများ၊ မြင့်ကောင်းကင်၌ ဆိုမည်။ |
သားတော်ယေရှု၊ ကိုယ်တော်ရှင်မြတ်၊ မထိုက်သော ကျွန်ုပ်အား၊ သွေးတော်နှင့်ဝယ်၊ ရွှေ စောင်း ဆုလာဘ်၊ ချပေးမူမည်၊ ယုံပါ။ ချပေးမူမည်၊ ယုံပါ။ ချ ပေးမူမည်၊ ယုံပါ၊ သွေးတော်နှင့်ဝယ်၊ ရွှေစောင်း ဆုလာဘ်၊ ချပေးမူမည်၊ ယုံပါ။ |
ထိုစောင်း၊ ခမည်းတော် နားတော်မှာ၊ နှစ်စဉ် အဆုံးမရှိ၊ ကိုယ်တော် နာမကို တီးလိုငှါ၊ တန်ခိုးတော်ပင် ညှိ၏။ တန်ခိုးတော်ပင် ညှိ၏။ တန် ခိုးတော်ပင် ညှိ၏၊ ကိုယ်တော်နာမ ကို တီးလိုငှာ၊ တန်ခိုးတော်ပင်ညှိ၏။ |