ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၃
သင်ခန်းစာ (၃)
ခရစ်တော်၌ရှိသော ထာဝရအသက်
ဤစကားမှာ ယေရှုခရစ်တော် ဘုရား၏ ကတိတော် ဖြစ်သည်ကို သတိပြုပါ။ အကယ်၍ သင်သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ ဆုတောင်းပါက သင့်အသက်တာထဲသို့ ကြွလာကျိန်းဝပ်တော် မူမည်။ အောက်ပါအတိုင်း ဆုတောင်းလက်ခံ နိုင်ပါသည်။
အရှင်ယေရှု ဘုရား၊ အကျွန်ုပ်သည် အပြစ်သားဖြစ်ပါ၏။ ပြစ်ဒဏ်ခံရမည်ကိုလည်းသိပါ၏။
အကျွန်ုပ်ခံရမည့် ပြစ်ဒဏ်အတွက် သားတော်ယေရှု အသေခံခဲ့ပြီး၊ သေရာမှ ပြန်ရှင်ခဲ့သည်ကို ယုံကြည်ပါ၏။
အကျွန်ုပ်၏ အပြစ်များကို ယခုခွင့်လွှတ်တော်မူပါ။ ကယ်တင်ရှင်အဖြစ် အကျွန်ုပ် အသက်တာထဲမှာ ကျိန်းဝပ်တော်မူပါ။ အာမင် (Amen)။
နေ့စွဲ ___________ အမည် __________________
အကယ်၍ အထက်ပါအတိုင်း သင်လုပ်ဆောင်ပြီးခဲ့လျှင် အမည်နှင့် နေ့စွဲကို ရေးမှတ်ထားပါ။ မေးခွန်းအမှတ် (၁၂) ကို ပြန်လည် ဆင်ခြင်စဉ်းစားပြီး သင်ဖြေသော အဖြေများအပေါ် ကျေနပ်မှုရှိမရှိ ပြန်စစ်ဆေးပါ။
ခရစ်တော်ကို သိကျွမ်းခြင်းက ဆင်းရဲသားကို ချမ်းသာ ကြွယ်ဝစေ၏။ ကိုယ်တော်ကို မသိကျွမ်း ခြင်းကြောင့် အချမ်းသာဆုံးပင် ဆင်းရဲရ၏။