« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၎

နိဒါန်း Introduction

ခရစ်တော်နှင့်မိဿဟာယဖွဲ့ခြင်း

လေ့လာရာတွင် သင့်ကိုကူညီသူ

သင်သည် ကျမ်းစာကို လေ့လာနေစဉ် သင့်ကို ကူညီရန် ဆရာရှိကြောင်း သိပါသလား။ ကျမ်းစာက ဘာကိုဆိုလို၍ ဘယ်လိုလိုက်နာ ကျင့်သုံးရမည်ကို နားလည်သဘောပေါက်အောင် သင့်ကို သွန်သင်ပေးမည့်သူကား ကျမ်းစာအုပ်ကို ရေးသားသည့်ဆရာ “သန့်ရှင်းသော ဝိညာဉ်တော် (The Holy Spirit)” ဖြစ်၏။

ယေရှုက ဥပဇ္ဈာယ်ဆရာ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသော အရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်ဟု မိန့်တော်မူခဲ့၏။ (ယော ၁၄း၂၆၊ ယော ၁၆း၁၃)

နှုတ်ထွက်စကားတော်ကို သင်ကိုယ်တိုင် ရှာဖွေလေ့လာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင် ခန့်ထားသော သင်းအုပ်နှင့် ဆရာများဖြင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို သွန်သင်သည်။ ကျွန်ုပ်တို့သည် ကိုယ်တိုင်ကျမ်းစာ လေ့လာခြင်းနှင့် ဘုရားသခင် အုပ်စိုးသော သူတို့၏ သွန်သင်ခြင်း နှစ်မျိုးစလုံးကို လိုအပ်သည်။

သင်သည် နှုတ်ထွက်စကားတော်ကို လေ့လာသည့် အခါဖြစ်စေ၊ လိုက်နာကျင့်သုံးရန် ဆင်ခြင်အောက်မေ့ သည့်အခါဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သွန်သင်ခြင်း၊ ပဲ့ပြင်ခြင်းကို တောင်းခံပါ။ ဆာလံ ၁၁၉း၁၈ အတိုင်း တရားတော်၌ အံ့ဘွယ်သော အရာတို့ကို မြင်နိုင်ပါမည့် အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါဟု ဆုတောင်းနိုင်ပါသည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.