ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
သင်ခန်းစာ (၁)
အသက်တာသစ်
အသက်တာဟောင်း
ခရစ်တော် ကျွန်ုပ်တို့ကို မပြောင်းလဲခင်က ကျွန်ုပ်တို့၏ အသက်တာဟောင်းသည် ဘာနဲ့တူသလဲ။ ဗလာနတ္ထိ မှောင်အတိဖြင့် မျှော်လင့်ခြင်းမဲ့သည့် အသက်တာဟောင်းကို ကျမ်းစာက ကျွန်ုပ်တို့၏ အသက်တာသစ်နှင့် ယှဉ်တွဲ၍ ဖေါ်ပြထားသည်။
၁။ မယုံကြည်သော သူတို့၏စိတ်ကို စာတန် (Satan) က ဘာလုပ်ထားသနည်း။ (၂ ကော ၄း၃-၄) နမူနာ- ပျက်စီးအောင် ကယ်တင်ခြင်းတရားကို ဖုံးအုပ်ထား၏။
၂။ မယုံကြည်သော သူကို ဘယ်လို ဖော်ပြထားသနည်း။ (ဧ ၄း၁၈) အကောင်းဆုံး အဖြေ ၂-ခုကို မျဉ်းသားပါ။
(၁) ဆုံးရှုံးခြင်းခံရမည်။
(၂) ဘုရားသခင်နှင့် ကင်းကွာသည်။
(၃) ရိုးသားသော်လည်းမှား၏။
(၄) အယူမှား၍ ကြောက်ရွံ့ဖွယ်ကောင်း၏။
(၅) စိတ်မိုက်မဲ၏။
၃။ ဧဖက်သြဝါဒစာ ၂း၁-၃ ၌
(၁) ခရစ်တော်အားဖြင့် ထာဝရအသက် မရခင် ကျွန်ုပ်တို့၏ အခြေအနေမှာ အဘယ်နည်း။
______________________________
(၂) ဘယ်လိုဘဝမျိုးမှာ အသက်ရှင်ခဲ့ရသလဲ။
______________________________
(၃) ကျွန်ုပ်တို့သည် _________________ ကို ခံရသူများဖြစ်ကြ၏။