« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၎

သင်ခန်းစာ (၃)

ဝတ်ပြုကိုးကွယ်သည့်အသက်တာ

၁၈။ နေ့စဉ် ဘယ်အချိန်မျိုးမှာ ဘုရားသခင်နှင့် သီးသန်တွေ့ဆုံရန် အကောင်းဆုံးဖြစ်သလဲ။ (ဆာ ၅း၃)
______________________________

၁၉။ ရှင်မာကုခရစ်ဝင်ကျမ်း ၁း၃၅ ၌

(၁) ယေရှုသည် ခမည်းတော်နှင့်တွေ့ဆုံရန် ဘယ်အချိန်ကို ရွေးချယ်ခဲ့သလဲ။
______________________________

(၂) ဘယ်နေရာမျိုးကို ရွေးချယ်ခဲ့သလဲ။
______________________________

၂၀။ ယေရှုက ကျွန်ုပ်တို့ကို ဘယ်နေရာမျိုးမှာ ဆုတောင်းခိုင်းသလဲ။ (မ ၆း၆)
______________________________

၂၁။ တစ်ဦးတည်း ဆုတောင်းခြင်းအပြင် အခြားဘယ်လို ဆုတောင်းချက်မျိုးကို အဖြေပေးရန် ဘုရားသခင် ကတိပေးသလဲ။ (မ ၁၈း၁၉)
______________________________

ဦးစွာ မိနစ်အနည်းငယ်ခန့်သာ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရန် ကြိုးစားပါ။ နေ့စဉ်မှန်မှန် လုပ်လာလျှင် နောက်တစ်ဆင့် အချိန်ကို ပိုပေးရန် လွယ်ကူလာမည်။ ယခုစတင် မလုပ်လျှင် အချိန်များစွာ ဖြုန်းရာရောက်မည်။ ထို့ကြောင့် ဖြုန်းရာမရောက်အောင် ယခုစတင်လုပ်ပါ။

ဘုရားသခင်နှင့် နေ့စဉ်သီးသန့်တွေ့ဆုံရန်အချိန်ဇယား

အကျွန်ုပ်၏ နေ့စဉ် အကောင်းဆုံးအချိန်သည် __________ ဖြစ်ပြီး ______ မိနစ် အချိန်ပေးဖို့ စိတ်ဆုံးဖြတ်ထားပါပြီ။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရန် ကျွန်ုပ်အတွက် အကောင်းဆုံးနေရာမှာ _____________ ဖြစ်ပါသည်။

မည်သည့် အခြေအနေတွင်မဆို ဘုရားသခင်ကို ခေါ်နိုင်သည်။ ဘုရားသခင်သည် သူ့သားသမီး၏ ခေါ်သံကို အစဉ်နားစွင့်နေသည်။ သို့သော် ဆုတောင်းရာတွင် တယ်လီဖုန်း ပြောသကဲ့သို့ စကားအနည်းငယ်ကို အလျင်အမြန် ပြောပါက ဘုရားသခင်ကို သိရှိရင်းနှီးရန် မလွယ်ကူပေ။ ဘုရားသခင်နှင့် တစ်စိတ်တစ်သဘောတည်းဖြစ်ရန် ဝတ်ပြုကိုးကွယ်သည့် အသက်တာ တိုးတက်ဖို့လိုအပ်သည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.