ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
သင်ခန်းစာ (၄)
ခရစ်တော်အတွက် သက်သေခံခြင်း

ခရစ်တော်ကို ဗဟိုထားသော အသက်တာဘီးလုံးပုံကို လေ့လာပါ
ဝိညာဉ်တန်ခိုးရှိသော ခရစ်ယာန်သည် ခရစ်တော်ကို အုပ်စိုးစေသော အသက်တာဖြစ်သည်။
၁။ ဘီး (Wheel) ၏တွန်းအားသည် လှည်းဝင်ရိုး (Shaft) မှ လာသကဲ့သို့ ခရစ်ယာန် အသက်တာ ရှင်ရန်တန်ခိုးသည် အလယ်ဗဟိုတည်းဟူသော ယေရှုခရစ်တော်ထံမှ လာခြင်းဖြစ်သည်။
၂။ လှည်းခွေ (Rim) သည် အကြွင်းမဲ့ နာခံခြင်းဖြင့် ခရစ်တော်ကို အရှင်သခင် အဖြစ်ထားသော ခရစ်ယာန်ကို ပုံဆောင်ပါသည်။
၃။ ဒေါင်လိုက် (Vertical) လှည်းထောက်များမှာ ဆုတောင်းခြင်း၊ ကျမ်းစာခံယူခြင်းအားဖြင့် လူနှင့်ဘုရား မိဿဟာယဖွဲ့ခြင်းကို ဆိုလိုသည်။
၎။ ရေပြင်ညီ (Horizontal) လှည်းထောက်များမှာ မယုံကြည်သူများအား သက်သေခံခြင်း၊ ယုံကြည်သူ အချင်းချင်း မိဿဟာယဖွဲ့ခြင်းအားဖြင့် လူလူချင်း ဆက်သွယ်မှုများ ဖြစ်သည်။
၅။ ခရစ်တော်ကို အရှင်သခင်အဖြစ် ထားရှိသူသည် ဆုတောင်းခြင်း၊ နှုတ်ထွက်စကားတော် ခံယူခြင်း၊ သက်သေခံခြင်းနှင့် မိဿဟာယဖွဲ့ခြင်းကို အကြွင်းမဲ့ နာခံလိုက်လျှောက်သော ခရစ်ယာန်ဖြစ်သည်။ နာခံမှုရှိသော ခရစ်ယာန် အသက်တာသည် ဘီးလုံးကဲ့သို့လှုပ်ရှားခြင်းရှိသည်။