ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၂)
သမ္မာကျမ်းစာဆိုသည်ကား အဘယ်နည်း
၁၄။ ဓမ္မဟောင်းကျမ်း (Old Testament) နှင့် ဓမ္မသစ်ကျမ်း (New Testament) များ ပါဝင်သည့် နှုတ်ထွက်စကားတော်သည် ခရစ်ယာန်များကို စုံလင်သောသူ ____________________ ပြင်ဆင်သောသူ ဖြစ်စေသည်။ (၂ တိ ၃း၁၆-၁၇)
၁၅။ ရှင်ပေတရု (Peter) အသိအမှတ်ပြုသော ဓမ္မသစ်ကျမ်းရေးသူ တစ်ဦးကား အဘယ်နည်း။ (၂ ပေ ၃း၁၅-၁၆) ______________________________
၁၆။ ဓမ္မသစ်ကျမ်း၏ ပထမ (၅) စောင်မှာ ရာဇဝင်ကျမ်းများ ဖြစ်သည်။ ယင်းတို့ကို အောက်တွင် အစဉ်အလိုက်ရေးစဉ် ညာဘက်ရှိ ရှင်းလင်း ဖော်ပြချက်များကိုလည်း လေ့လာပါ။
(၁) ____________________ ခရစ်တော်၏ အသက်တာ အကြောင်းကို ဂျူးလူမျိုးများ (Jews) အတွက် ရေးသားထားသောကျမ်းဖြစ်သည်။ သခင်ယေရှုကို သူတို့ ကြာမြင့်စွာ စောင့်မျှော်ခဲ့သော ကယ်တင်ရှင်နှင့် ဘုရားအဖြစ် ဖော်ပြထားသည်။
(၂) ____________________ သခင်ယေရှုသည် ဘုရားသခင်ကို နာခံမှုရှိသော အစေခံကျွန် တစ်ယောက်အဖြစ် ဖော်ပြရေးသားထားသော ခရစ်တော်၏ သက်တော်စဉ် ကျမ်းဖြစ်သည်။
(၃) ____________________ သခင်ယေရှုကို ပြည့်စုံသည့် လူသားတစ်ဦးအဖြစ် ရေးသားဖော်ပြထားသော ကျမ်းဖြစ်သည်။ လူဇာတိကို အလေးပေး ဖော်ပြထားသည်။
(၄) ____________________ သခင်ယေရှုကို ဘုရားသခင်၏ သားတော်အဖြစ် ရေးသားဖော်ပြသည့် ကျမ်းဖြစ်သည်။ သခင်ယေရှု၏ ဘုရားဇာတိကို အလေးပေး ဖော်ပြထားသည်။
(၅) ____________________ ခရစ်ယာန်အသင်းတော် စတင်ပုံနှင့် ပျံ့နှံ့သွားပုံ အကြောင်းကို ဖော်ပြသော ကျမ်းဖြစ်သည်။ ဤစာစောင်ကို သန့်ရှင်းသော ဝိညာဉ်တော်၏ ပြုမှုဆောင်ရွက်ချက်များဟု ကောင်းစွာခေါ်ဆိုနိုင်သည်။
၁၇။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ရေးသား ရခြင်း၏ အကြောင်းရင်း (၂) ချက်ကား အဘယ်နည်း။ (ယော ၂၀း၃၁)
______________________________