ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၆
နိဒါန်း
မိုင်တိုင် ၄ သို့အရောက်
ပဌမအဆင့်
ခရစ်တော်သည် စာတန် (Satan) နှင့် သူ၏ လုပ်ရပ်အားလုံး အပေါ်တွင် အောင်ခဲ့ပြီးဖြစ်၍ ယင်းအောင်မြင်မှုကို သင်ရရှိပြီဟု ယုံကြည်ပါ။ “ထိုသခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွ တကား။” (၁ ကော ၁၅း၅၇)
ဒုတိယအဆင့်
ဘုရားသခင်ထံမှ ဥာဏ်ပညာနှင့် ခွန်အားကို တောင်းခံပါ။
တတိယအဆင့်
ကိုယ်တိုင်စည်းကမ်းရှိပါ။ မည်သည့် ဝိညာဉ်ရေးရာ လေ့ကျင့်မှုမျိုးမဆို အလိုအလျောက် ဖြစ်မလာပါ။ ဘုရားသခင်နှင့် နေ့စဉ်မှန်မှန် အချိန်ယူနိုင်ရန် အားထုတ်မှု ပြုရသကဲ့သို့ ကျမ်းစာလေ့လာ ဖြေဆိုမည့် အချိန်ကိုလည်း သတ်မှတ်ပြီး ထိုအချိန်၌ လေ့လာနိုင်ရန် ကြိုးစားပါ။ အပတ်စဉ် သင်ခန်းစာကို ဖြေဆိုရာတွင် မည်မျှပြီးအောင် ဖြေဆိုမည်ကို တိကျစွာ သတ်မှတ်ပြီး ထိုအတိုင်းပြီးရန် ကြိုးစားသင့်ပါသည် သုတ္တံ ၁၃း၁၉ ၌ “အလိုဆန္ဒပြည့်စုံခြင်း အရာသည် ချိုမြိန်၏” ဟု ဆိုထားရာ သင် သတ်မှတ်ထားသည့်အတိုင်း ပြီးစီးပါက စိတ်ကျေနပ်မှုကို သင်ရရှိပါမည်။
စတုတ္ထအဆင့်
ကျမ်းစာလေ့လာရာတွင် သင့်ရည်မှန်းချက်အတိုင်း မည်မျှပြီးစီးသည်ကို အပတ်စဉ် စစ်ဆေးမှု ပြုနိုင်ရန်နှင့် လေ့လာခြင်းမှ ရရှိသည့် ခွန်အားကို ဝေငှရန်အတွက် မိတ်ဆွေအဖေါ် တစ်ဦးဦးနှင့် တွေ့ဆုံဝေငှပါ။
ခရစ်ယာန် တစ်ဦးအနေဖြင့် ခရစ်တော်၌ တည်နေရန်အတွက် ဘာကို ရည်းမှန်းချက် ထားသင့်ကြောင်း ဤစာအုပ်အမှတ် (၄) က ဖော်ပြထားပါသည်။ ဤစာအုပ်တွင် ခရစ်တော်သည် ကျွန်ုပ်တို့အတွင်း၌ အသက်ရှင်ခြင်းအကြောင်း၊ ခရစ်ယာန်၏ အကျင့်သီလများနှင့် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေဖုံစသည့် ခရစ်ယာန်၏ အခြေခံဂုဏ်အင် လက္ခဏာများကို ဖော်ပြထားပါသည်။ ပါဝင်သော အခန်း ၅ ခု မှာ –
- ခရစ်တော်၌ ရင့်ကျက်ခြင်း
- ခရစ်တော်ကို အသက်တာ၌ ပေါ်လွင်စေခြင်း
- ပြည့်စုံမှုအဆင့်သို့ ဖွံ့ဖြိုးတိုးတက်လာစေခြင်း
- တပည့်တော်အနေဖြင့် ကြီးထွားလာခြင်း
- နာခံခြင်းနှင့် ကောင်းကြီးမင်္ဂလာ