« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၇

သင်ခန်းစာ (၂)

သန့်ရှင်းသောဝိညာဉ်တော်

သန့်ရှင်းသောဝိညာဉ်တော်နှင့် ကျွန်ုပ်တို့၏ဆက်နွယ်မှု

ကယ်တင်ခြင်းကဏ္ဍ

၆။ အောက်ပါကျမ်းပိုဒ် တစ်ခုစီတွင် လူသားများ ထာဝရအသက် ရရှိစေရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များကို ဖော်ပြထားသည်။ (ထိုလုပ်ဆောင်ပေးချက်များ ဘေးတွင် မှန်ကန်သော ကျမ်းညွှန်းများရေးပေးပါ။)

ရော ၈း၁၆၁ ကော ၁၂း၁၃
ယော ၁၆း၈၁ ကော ၆း၁၉
ယော ၆း၆၃၁ ကော ၁၂း၃
(၁) အပြစ်ကိုဖော်ပြပေးသည်။_____________________
(၂) ခရစ်တော်ကို အရှင်သခင်ဟုခေါ် နိုင်ရန် မစသည်။_____________________
(၃) ယုံကြည်သူတို့အား ခရစ်တော်၏ ကိုယ်ခန္ဓာထဲသို့ ဗတ္တိဇံ (Baptism) ပေးသည်။_____________________
(၄) ဝိညာဉ် အသက်တာကိုပေးသည်။_____________________
(၅) ယုံကြည်သူ၏ အသက်တာတွင် ဝင်ရောက်ကျိန်းဝပ်သည်။_____________________
(၆) ကယ်တင်ခြင်း စိတ်ချမှုကိုပေးသည်။_____________________

ဧဖက်ဩဝါဒစာ ၁း၁၃-၁၄ နှင့် ကောရိန္တုဩဝါဒစာ ပဌမစောင် ၆း၁၉ ကို နှိုင်းယှဉ်ပါ။ လူတစ်ယောက်သည် ခရစ်တော်ကို ယုံကြည်လက်ခံသည်နှင့် တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အထဲတွင် ဝင်ရောက်ပြီး အစဉ်ကျိန်းဝပ်သည်။ ထို့ကြောင့် ယုံကြည်သူသည် ဘုရားသခင်၏ သားသမီးဖြစ်ကြောင်း သန့်ရှင်းသော ဝိညာဉ်တော်က အာမခံပေးသည်။ ထို့ပြင် သူသည် ဘုရားသခင်၏ သားသမီးဖြစ်ကြောင်း ဘုရားသခင် ခန့်ထားသည့် အမှတ်တံဆိပ်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.