ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၇
သင်ခန်းစာ (၄)
အပြစ်ကို ဆိုင်ပြိုင်တိုက်ခိုက်ခြင်း
အပြစ်တန်ခိုးမှလွတ်မြောက်ခြင်း
ဘုရားသခင်သည် အပြစ်ကို အလွန်ရွံရှာမုန်းတီးသော်လည်း မယုံကြည်သူနှင့် ယုံကြည်သူများကို အပြစ်စီရင်ရာ၌ အလွန်ခြားနားသည်။
မေးခွန်းနံပါတ် ၅-၉ တွင် သားတော်နှင့် သားတော်၏ ကယ်တင်ခြင်းကို ငြင်းပယ်သောသူ (သို့) လစ်လျူရှုသောသူအား ဘုရားသခင်သည် မည်သို့အပြစ်စီရင်ကြောင်းကို သင် လေ့လာခဲ့ပြီူးဖစ်သည်။ မေးခွန်းနံပါတ် ၁၁-၁၂ တွင် ခရစ်တော်အားဖြင့် ဘုရားသခင်ပေးသော အပြစ်လွတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို လက်ခံသော သူတို့အား ဘုရားသခင်သည် သူတို့၏ အပြစ်များကို ခွင့်လွှတ်ကြောင်း၊ မေ့ပစ်ကြောင်းတို့ကိုလည်း သင် လေ့လာခဲ့ရပြီ။
ဘုရားသခင်သည် သူ၏ သားသမီးများနှင့် အစဉ်မိဿဟာယဖွဲ့လိုသည်။ သို့ရာတွင် အပြစ်သည် လူနှင့်ဘုရားသခင် စပ်ကြားတွင်လည်းကောင်း၊ တစ်ခါတစ်ရံ ခရစ်ယာန် အချင်းချင်း စပ်ကြားတွင်လည်းကောင်း၊ ရင်းနှီးသည့် မိဿဟာယကို ပျက်ပြားသွားစေသည်။ သို့သော်ကျွန်ုပ်တို့သည် အပြစ်ကိုလည်းကောင်း၊ အပြစ်၏ဇစ်မြစ်ကိုလည်းကောင်း၊ အသက်တာတွင် ပြုလုပ်လေ့ရှိသော အပြစ်များကိုလည်းကောင်း၊ အောင်မြင်ရန်အတွက် ဘုရားသခင်သည် တန်ခိုးနှင့် နည်းလမ်းများကို ပေးထားပြီးဖြစ်သည်။
၁၃။ အကယ်၍ ယုံကြည်သူ ကျွန်ုပ်တို့ အပြစ်လုပ်မိလျှင် ခရစ်တော်သည် မည်သည့် အမှုနှစ်ခုကို ဆောင်ရွက်ပေးသနည်း။ (၁ ယော ၂း၁-၂)
______________________________
______________________________
______________________________
၁၄။ ခရစ်တော်၏ အသေခံခြင်းက ကျွန်ုပ်တို့အတွက် မည်သည့်အမှုကို ပြုလုပ်ပေးခဲ့သနည်း။ (ဟေဗြဲ ၁၀း၁၄)
______________________________
______________________________
______________________________