ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၈
သင်ခန်းစာ (၁)
သူတစ်ပါးအား ခရစ်တော်ကိုသိနိုင်ရန်ကူညီခြင်း
၂၁။ ပေါလု (Paul) သည် ကယ်တင်ခြင်းကို ဘယ်လိုရနိုင်ကြောင်း ပြောရာ၌ ဘာကိုအလေးထား ဟောပြောခဲ့သလဲ။ (တ ၁၆း၃၁)
______________________________
၂၂။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ဘယ်သူခံစားရသလဲ။ (တမန် ၁၀း၄၃)
______________________________
၂၃။ လူတစ်ယောက်ကို ခရစ်တော်အကြောင်း ရှင်းလင်းစွာ ရှင်းပြပြီးနောက် သူလုပ်ဆောင်ရမဲ့ တာဝန်ကို ဘယ်ကျမ်းချက်အားဖြင့် ထောက်ပြမလဲ။ သင်အကြိုက်ဆုံးကျမ်းချက်ကို ရွေးပါ။ ဘာကြောင့်လဲ။ (ဗျာ ၃း၂၀၊ ယော ၅း၂၄၊ ယော ၁း၁၂၊ ယော ၃း၁၆)
______________________________
______________________________
______________________________
ငြင်းပယ်ခြင်းများနှင့်ရင်ဆိုင်ရလျှင်
အပြစ်ကို သိမြင်ပြီး ခရစ်တော်ကို လက်ခံလိုသော စိတ်သဘောရှိလာရန် ဘုရားသခင် ဘာလုပ်နိုင်သည်။ သို့သော် ခရစ်တော်အား ထိုသူ ယုံကြည်လာစေရန် ဘုရားသခင်နှင့်အတူ လုပ်ဆောင်ဖို့ အခွင့်ထူးကို ဘုရားသခင်က ကျွန်ုပ်တို့အား ပေးတော်မူပါသည်။
သင့် သက်သေခံချက် ကြားနာရသောသူတွင် ခရစ်တော်ကို လက်မခံလိုသော အကြောင်းများ ရှိကောင်းရှိပေမည်။ အများအားဖြင့် သူတို့လက်မခံနိုင်သော အကြောင်းရင်း အချို့ကို သိနားလည်ထားရန် အရေးကြီးပါသည်။ သူ့ပြဿနာ၏အဖြေကို ယဉ်ကျေးစွာဖြေပေးခြင်းဖြင့် သူတကယ် ရင်ဆိုင်ရမဲ့ ပြဿနာ (ခရစ်တော်ကိုလိုအပ်ကြောင်း) ကို ကူညီရာ ရောက်နိုင်သည်။ ဆွေးနွေးချက်၏ အဓိက အရာမှာ ခရစ်တော်နှင့် သူ၏ခွင့်လွှတ်ခြင်း အကြောင်းဖြစ်စေပါ။ အရေးမပါသည့် မေးခွန်းများဖြင့် အချိန်ဖြုန်းမိစေမည့် မာရ်နတ် (Devil) ၏ လမ်းကြောင်း လွှဲခြင်းကို သတိပြုပါ။
၂၄။ မေးခွန်းများ (သို့) ငြင်းပယ်မှုများနှင့် တွေ့ကြုံရပါက ကျွန်ုပ်တို့ ဘာလုပ်သင့် သလဲ။ (တိတု ၁း၉)
______________________________