ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၉
သင်ခန်းစာ (၁)
သက်သာလောနိတ်သြဝါဒစာ ပထမစောင်
1 Thessalonians
ဓမ္မသစ်ကျမ်း (New Testament) စာစောင်များ ၏ အများစုမှာ ပုဂ္ဂိုလ်တစ်ဦး (သို့) အသင်းတော် တစ်ပါးသို့ ရေးလိုက်သောစာ (သြဝါဒစာ) များဖြစ်သည်။ သြဝါဒစာတစ်စောင်နှင့် ယင်း၏ အခန်းကြီး၊ အခန်းငယ်များကို ကောင်းမွန်စွာ နားလည်ရန် နောက်ခံသမိုင်းဖြစ်သည့် မည်သူက မည်သူ့ထံသို့ရေးသည်။ ယေဘူယျအားဖြင့် (In general) မည်သည့်အကြောင်း ရေးသားသည်တို့ကို ရှာဖွေပါ။ ဤ သင်ခန်းစာတွင် နောက်ခံသမိုင်းကို ဖော်ပြထားသည်။
သက်သာလောနိတ်မြို့သည် မည်သည့်နေရာတွင်ရှိသနည်း
ကျမ်းစာထဲတွင် ဖော်ပြထားသော နေရာများကို မြေပုံပေါ်တွင် ရှာဖွေ မှတ်သားသော အလေ့အထပြုလုပ်ပါ။ (ကျမ်းစာအုပ်အများစုမှာ နောက်ကျောတွင် မြေပုံပါရှိသည်) အောက်တွင် ဖော်ပြထားသော ရှေးဂရိနိုင်ငံမြေပုံ (Map of ancient Greece) ပေါ်တွင် သက်သာလောနိတ်မြို့ (Thessalonica) ကိုရှာပါ။ (ထိုစဉ် ဂရိနိုင်ငံ (Greece) ၏ မြောက်ဘက်ကို မာကေဒေါနိပြည် (Macedonia)၊ တောင်ဘယ်ကို အခါယပြည် (Achaia) ဟုခေါ်သည်)

သက်သာလောနိတ်မြို့ (ယခု စလိုနီကာမြို့ Slovenia) သည် ရောမမြို့ (Rome) မှ မြေထဲပင်လယ် (Mediterranean) အရှေ့ဘက်ပိုင်းရှိ နိုင်ငံများသို့ ဖောက်လုပ်ထားသော လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ပေါလု (Paul) ၏ ခေတ်ကာလတွင် ဤမြို့သည် မာကေဒေါနိပြည် (Macedonia) ၏ အချက်အချာ မြို့ကြီး တမြို့ဖြစ်သည်။ အေဒီ ၆၆ ခု နှစ်လောက်အထိ ပေါလုအသက်ရှင်ခဲ့သည်။