« « မာတိကာ Table of Contents
 

ဧဝံဂေလိလမ်းညွှန်
Evangelism Guide II

 

ဧဝံဂေလိ အစအဆုံး ဝေငှခြင်း အမှတ် ၁၀

၂။ သတင်းကောင်း

(ဂ) ဘုရားသခင်
၁။ ဘုရားသခင်သည် ဂရုဏာရှင် ဖြစ်တော်မူ သောကြောင့် ကျွန်တော်တို့ လည်း အပြစ်ခံရဖို့ အလိုမရှိပါ။
၂။ (ဒါပေမဲ့) ဘုရားသခင်သည် ဖြောင့်မတ်တော် မူသောကြောင့် သေချာပေါက် ကျွန်တော်တို့ အပြစ်ကို စီရင်ရပါ လိမ့်မယ်။
သမ္မာကျမ်းစာ ကတော့ “ဘုရားသခင်သည် မေတ္တဖြစ်တော် မူ၏” ဟု (၁ ယော ၄း၈) မှာဖော်ပြ ထားပါတယ်။ ဒါပေမဲ့… “အချီးနှီး သက်သက် ဖြေလွတ်တော်မမူ ထသော… ဆပ်ပေး စီရင်တော်မူသော ဘုရားသခင်… ” ဟု (ထွက် ၃၄း၇) ဖော်ပြထား ပါတယ်။
 
ဂါ(ရ်) ရှား (Garcia) သာဓက
 
စစ်ကာလ အတွင်း ရုရှားနိုင်ငံမှာ အစားအစာတွေ မလုံလောက်လို့ ခိုးယူလုယက် မှုတွေ တဖြည်းဖြည်းနဲ့ ဖြစ်လာခဲ့ ပါတယ်။ ဒေါသဖြစ်လာတဲ့ စစ်ဗိုလ်ချုပ် ဂါ(ရ်) ရှား ဟာ ဆိုရင် အစာရေစာကို ခိုးယူလို့ ဖမ်းမိတဲ့ သူကို ပြင်းပြင်းထန်ထန် ကြိမ်ဒဏ်ခတ်မယ်လို့ ကြေညာခဲ့ ပါတယ်။ ဒါနဲ့ သူခိုးကို မိတဲ့အခါ တစ်ခြားလူ မဟုတ် သူ့ရဲ့ မိခင် အရင်အခြာပင် ဖြစ်နေခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဟာဆိုရင် ဥပဒေ အတိုင်း သူချစ်ရတဲ့ မိခင်အပေါ် ကြိမ်ဒဏ်ခတ်လျှင် သေနိုင်ပြီး ဒီအတိုင်း လွတ်လိုက် လျှင်လည်း လက်အောက်ငယ်သား တွေအပေါ် စစ်တပ်ရဲ့ စည်းမျဉ်းစည်းကမ်းများ မလေးစားရာ ရောက်ပေမည်။ နောက်ဆုံးမှာတော့ သူချမှတ်ထားတဲ့ စည်းကမ်းအတိုင်း အပြစ်စီရင် ရမယ့်နေ့ သူဟာ သူ့မိခင်ရှေ့မှာ ဝတ်လှုံကို ချတ်လိုက်ပါတယ်။ ပြီးနောက် လက်အောက်ငယ်သား တွေကို အမိန်ပေးလိုက်ပါတယ်။
 
“ကျွန်တော့် မိခင်အစား ကျွန်တော်ကို ကြိမ်ဒဏ် စီရင်တော်မူပါ။” စစ်သူကြီးဟာ မိခင်အစား ကြိမ်ဒဏ်ကို ခံယူခဲ့လို့ မိခင်ကို ချစ်ကြောင်း သက်သေပြ ယုံသာမက တစ်ချိန်တည်းမှာ အပြစ်သားကို အပြစ်ပေးရမယ့် သာဓကကို ပြသခဲ့ပါတယ်။ ဒီလိုပါဘဲ…
 
အကူးအပြောင်း – ဂရုဏာရှင် ဖြစ်တော်မူသည် သာမက သစ္စာတော်ရှင် ဖြစ်တော်မူ သောကြောင့် ဘုရားသခင် သည် ကျွန်ုပ်တို့ရဲ့ အပြစ်ရဲ့ အဖိုးအခကို သားတော် သခင်ခရစ်တော် အားဖြင့် တစ်ခါတည်း ဆေးကြော ဖြေလွတ် ခဲ့ပြီး ဖြစ်ပါတယ်။

 
Continue… » »

 


အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.