ဧဝံဂေလိ အစအဆုံး  ဝေငှခြင်း အမှတ် ၁၀
၃။ ဆက်ကပ်အပ်နှံခြင်း
- (က) စစ်ဆေးအတည်ပြု မေးမြန်းခြင်း
- 
ဝေငှသူ – ဒီအထိ သမ္မာကျမ်းစာရဲ့ မီးမောင်း ထိုးပြထားတဲ့ အကြောင်းအရာတွေကို ရှင်းပြ ပြီးပါပြီ။ မိတ်ဆွေ နားလည်ပါသလား။
 ဝေငှခံရသူ – ဟုတ်ကဲ့။
- (ခ) ဆက်ကပ်အပ်နှံခြင်း မေးခွန်း
-  ဝေငှသူ – သင်ဟာ အခုဆိုရင် အရာအားလုံးကို ဖန်ဆင်းတဲ့ ဘုရားသခင်က သင့်ကို “ချစ်သော သား/သမီး ငါသည် သင့်ကို ထာဝရအသက်ပေးဖို့ သင် လက်ခံလိုပါ သလား” လို့ မေးလာခဲ့ရင် မိတ်ဆွေက ဒီ ထာဝရအသက် ဆိုတဲ့ လက်ဆောင်ကို လက်ခံလိုပါ သလား။
 ဝေငှခံရသူ – ဟုတ်ကဲ့။ လက်ခံလို ပါတယ်။
- (ဂ) ဆက်ကပ်အပ်နှံခြင်း ရှင်းလင်ချက်
- ဝေငှသူ – မိတ်ဆွေ တကယ့်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချပြီးပါပြီ။ အခု မိတ်ဆွေရဲ့ ဆုံးဖြတ် ချက်က ဘယ်လို အဓိပ္ပါယ်ရှိသလဲ ဆိုတာကို ရိုးရိုးလေး ရှင်းပြပါ့မယ်။
 ၁။ ထာဝရအသက်ကို ရရှိဖို့ အတွက် မိမိကိုယ်ကို ကိုးစားခြင်း မဟုတ်ဘဲ ယေရှုခရစ်တော် တစ်းပါးတည်းကိုသာ ကိုးစားယုံကြည် ခြင်းကို ဆိုလိုပါသည်။
 ၂။ ရှင်ပြန်ထမြောက်ပြီး အသက်ရှင်တဲ့  ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ဘဝရဲ့ ပိုင်ရှင်အဖြစ် လက်ခံကိုးကွယ်ခြင်းကို ဆိုလိုသည်။
 ၃။ မိတ်ဆွေ ကျူးလွန်ခဲ့တဲ့ အပြများကို ဝန်ချပြီး ဘဝရဲ့ ဦးတည်ချက်ကို ဘုရားသခင်ထံ အပ်နှံခြင်းကို ဆိုလိုပါသည်။
 ဝေငှသူ – အဲလိုမျိုးလုပ်မှာလား။
 ဝေငှခံရသူ – ဟုတ်ကဲ့။
 
 
Continue… »  »