ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၉
သင်ခန်းစာ (၆)
သက်သာလောနိတ်သြဝါဒစာ ပထမစောင်
အခန်းကြီး (၅)
ပဏာမလေ့လာခြင်း
ခရစ်တော် မကြာမီ ပြန်ကြွလာတော့မည်ကို သင်သိလျှင် ဘာလုပ်မည်နည်း။ အခြားသော ခရစ်ယာန်များကို မည်ကဲ့သို့ တိုက်တွန်းအားပေး မည်နည်း။ သင်မည်ကဲ့သို့ အသက်ရှင်မည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နိုးနိုးကြားကြားနှင့် အသင့်ဖြစ်နေ စေချင်သည်။ ထို့ကြောင့် အခန်းကြီး (၅) တွင် ခရစ်တော် ပြန်ကြွလာမည့် နိမိတ်လက္ခဏာ အချို့နှင့် လက်တွေ့ ခရစ်ယာန် အသက်တာရှင်ခြင်းနှင့် ပတ်သက်သည့် သွန်သင်ချက်များစွာကို ပေးထားပါသည်။
ဤသင်ခန်းစာကို မလေ့လာမီ အခန်းကြီး (၅) ကို ကျန်စာစောင် တစ်ခုလုံးနှင့် ဆက်စပ်နိုင်ရန်အတွက် ပထမ အခန်းကြီး လေးခန်းမှ သင်၏ စကားပြေများကို ပြန်လည်ကြည့်ရှု လေ့လာပါ။ စကားပြေ (Prose) မရေးမီ ဤအခန်းကို အကြိမ်ကြိမ် ဖတ်ပါ။
ဤအခန်းကိုဖတ်သော အကြိမ်aပါင်းကိုaရးပါ။ _______ ကြိမ်
အဓိပ္ပါယ်ဖွင့်ဆိုချက်များ
အောက်တွင် ပေးထားသော အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များကို လေ့လာပါ။ ကျန်စကားလုံးများကို အဓိပ္ပါယ်ဖွင့်ဆိုပေးပါ။
၁ သက် ၅း၂ | သခင်ဘုရား၏ နေ့ရက် | ခရစ်တော် ပြန်ကြွလာမည့်အချိန် (ထိုနေ့ရက်ကာလတွင် ဖြစ်မည့် အဖြစ်အပျက်များ အားလုံး) |
၁ သက် ၅း၃-၄ | မှောင်မိုက် | ______________ |
၁ သက် ၅း၆ | သမ္မာသတိရှိခြင်း | နိုးကြား၍ ပညာရှိစွာ အသက်ရှင်ခြင်း |
၁ သက် ၅း၈ | နေ့၏သား | ______________ |