« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၁၀

သင်ခန်းစာ (၃)

ရှင်ယောဟန်သြဝါဒစာ ပထမစောင်

အခန်းကြီး (၂)

ပဏာမလေ့လာခြင်း

ဤသင်ခန်းစာကို မဖြေမီ ရှင်ယောဟန်သြဝါဒစာ ပဌမစောင် အခန်းကြီး (၁) ၏ အကျဉ်းချုပ်ကို ပြန်လည်ဖတ်ပါ။ အခန်းကြီး (၁) အဆုံးပိုင်းမှ အကြောင်းအရာသည် အခန်းကြီး (၂) အခန်းငယ် ၁ နှင့် ၂ တို့တွင် မည်သို့ ဆက်စပ်လာသည်ကို သတိပြုပါ။

(ဤစာစောင်ကို ရှင်ယောဟန် (John) ရေးသားသောအခါ၊ အခန်းကြီးများခွဲ၍ ရေးသားခဲ့ခြင်း မဟုတ်ပါ။ တဆက်တည်း ရေးသားခြင်း ဖြစ်သည်။)

နားလည်ရန် ဆုတောင်းလျှက် ဤအခန်းကို သုံးကြိမ်မှ ငါးကြိမ်အထိ ဖတ်ပါ။ အခြား ဘာသာစကားဖြင့် ရေးထားသော ကျမ်းစာအုပ်များကိုလည်း ဖတ်ပါ။ သင်ဖတ်စဉ်တွင် ဤအခန်း၏ အကြောင်းအရာ ဦးတည်ချက်များ (Themes) သည် တစ်ခုနှင့်တစ်ခု ခြားနားသော်လည်း ဆက်စပ်လျှက် ရှိကြောင်း သတိပြုမိ လိမ့်မည်။

ဤအခန်းက ဘာပြောသနည်း

ဤအခန်းတွင်လည်း အချို့စာပိုဒ်များကို အကျဉ်းခြုံး ပေးထားသည်။ ထိုအကျဉ်းခြုံး ပေးထားသော စာပိုဒ်တို့ကို ကျမ်းစာထဲမှ ကျမ်းပိုဒ်များနှင့် နှိုင်းယှဉ်ကြည့်ပါ။ ကျန်စာပိုဒ်များအတွက် အခန်းငယ် တစ်ခုလျှင် ပျမ်းမျှ စာလုံးရေ ၁၂-၂၄ အထိကန့်သတ်ပြီး အကျဉ်းခြုံးပါ။ စာပိုဒ် ၃ အတွက် စာလုံးရေ ၆၀-၁၂၀၊ စာပိုဒ် ၅ နှင့် ၆ အတွက် စုစုပေါင်း စာလုံးရေ ၁၀၀-၂၁၆ စသည်ဖြင့် အကျဉ်းခြုံးပါ။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.