« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၁၁

သင်ခန်းစာ (၄)

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး (၃)

ပဏာမလေ့လာခြင်း

အခန်းကြီး (၁) နှင့် (၂) တွင် ပါဝင်သော အချက်များကို သင်မှတ်မိပါသလား။ ဘာတွေပါဝင်သလဲ။ ဖိလိပ္ပိ ၃ ကို မလေ့လာမှီ ပြီးခဲ့သော အခန်းများကို ပြန်နွှေးပါ။ အခန်းကြီး (၃) ကို စေ့စေ့စပ်စပ် ကြိမ်ဖန်များစွာ ဖတ်ပြီးမှ ဆက်လေ့လာပါ။

ဤအခန်းကြီးတွင် ဘာသွန်သင်သနည်း

ဖိလိပ္ပိ ၃ နှင့် ၄ ကို ယခင်အတိုင်း အပိုဒ်ခွဲပြီး ခေါင်းစဉ်တပ် အကျဉ်းချုပ် ရေးနိုင်ပါသည်။ (သို့) ကောက်နုတ်ချက် (Excerpt) ရေးနိုင်ပါသည်။ သို့သော် ဆိုလိုချက်ကို သဘောပေါက်အောင် လေ့လာပြီး မှတ်သားဘို့ လိုပါသည်။ မည်သည့်နည်းကို သုံးသုံး စာပိုဒ်ခွဲခြင်းကို ပထမဆောင်ရွက်ပါ။ ထို့နောက်မှ စာပိုဒ်တိုင်းကို ခေါင်းစဉ်တပ်ပါ။ အခန်းငယ် တစ်ခုကို စာလုံးရေ ၈ လုံး မှ ၁၆ လုံး အတွင်း အကျဉ်းခြုံး ရေးပါ။ သို့မှသာ ဆိုလိုရင်း အဓိကအချက်ကို တွေ့ရန်လွယ်ကူပြီး မှတ်လဲမှတ်မိ နိုင်ပါသည်။ အကယ်၍ ကောက်နုတ်ချက် ရေးပါက အဓိက အပိုင်းကြီးများ ခွဲရန်ဆင်ခြင် စဉ်းစားပါ။ ဖြစ်နိုင်မည်ဆိုပါက ပို၍ငယ်သော အပိုင်းများအဖြစ်သို့ ခွဲလိုက်ပါ။ တခါတရံ ဤအပိုင်းငယ်များကို ပို၍ငယ်သော အချက်လေးများ အဖြစ်သို့ ခွဲလိုက်နိုင်ပါသည်။ ဖိလိပ္ပိ အခန်းကြီး (၃) အခန်းငယ် ၁၄ အထိ ကောက်နုတ်ချက် နမူနာ လုပ်ပေးထား ပါသည်။ ဤနမူနာကို ကြည့်ပြီး တစ်ခန်းလုံးကို ကိုယ်တိုင် ကောက်နုတ်ချက် ရေးနိုင်ပါသည်။ ကောက်နုတ်ချက် ရေးတတ်အောင် ဆက်ကြိုးစားပါ။ သင်၏ ကောက်နုတ်ချက်သည် နမူနာနှင့် မတူဘဲ ဖြစ်နိုင်သည် (သို့) တချို့ အစိတ်အပိုင်းများ ပါဝင်နိုင်သည်။ ကောက်နုတ်ချက် ရေးပြီးပါက သင်၏ စာအုပ်တွင် ရေးထည့်ပါ။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.