ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၁
သင်ခန်းစာ (၆)
ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်
စာစောင်တစ်ခုလုံး၏ အကျဉ်းချုပ်
စာစောင်တစ်ခုလုံးကို အခန်းလိုက် လေ့လာပြီး သောအခါ စာအုပ် အမှတ် ၉ တွင် ပြုသကဲ့သို့ သင်ပြုလုပ်ရမည့် အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ပဏာမလေ့လာခြင်း သင်ခန်းစာကို ပြန်ကြည့်ပါ။
(၂) အခန်းကြီးတခုစီ၏ အကျဉ်းချုပ် (သို့) ကောက်နူတ်ချက်များကို ပြန်ကြည့်ပြီး စာပိုဒ်ခေါင်းစဉ်များ (သို့) ကောက်နှုတ်ချက်၏ အဓိကခေါင်းစဉ်များကို အစဉ်လိုက် ရေးချပါ။
(၃) သင့်လက်တွေ့ အသုံးပြုချက်များကို ပြန်ဖတ်ပါ။ ၎င်းအချက်များအတွက် ဆုတောင်းလျက် ယင်းတို့ကို လက်တွေ့ ကျင့်သုံးရာတွင် မည်သည့် တိုးတက်မှုများ တွေ့ရှိရသည်ကို စဉ်းစားဆင်ခြင်ပါ။ ဤစာစောင်မှ သင့်အတွက် အရေးကြီးဆုံး သင်ခန်းစာ (သို့) သတိပေးချက်ကား အဘယ်နည်း။ ဤအချက်နှင့် ပတ်သက်၍ ဘုရားရှင်က သင့်အား ဆက်လက်လုပ်ဆောင် စေလိုသော အချက်များ ကျန်ရှိ နေပါသေးသလား။
အကြံပြုချက်
စာစောင်တစ်ခုကို ပိုမိုကြွယ်ဝစွာ ပြည့်စုံစွာ လေ့လာရန်အတွက် ထပ်မံလုပ်ဆောင် နိုင်သော နည်းအချို့ကို အကြံပြုအပ်ပါသည်။
၁။ သင်လေ့လာသည့် စာစောင်၏ အကျဉ်းချုပ် (သို့) ကောက်နှုတ်ချက်များကို မှီငြမ်းပြီး စာစောင် တစ်ခုလုံးအတွက် စာလုံးရေ ၁၀-၂၅ လုံးအထိ ပါဝင်သော ခေါင်းစဉ်ကို ရေးပါ။
၂။ အခန်းကြီး တစ်ခုစီအတွက် စာလုံးရေ ၁၀-၁၅ လုံး ပါဝင်သော ခေါင်းစဉ်များကို ရေးပါ။
၃။ ဤစာစောင်မှ သင်အနှစ်သက်ဆုံး အခန်း (သို့) အနှစ်သက်ဆုံး ကျမ်းပိုဒ်များကို ရေးပါ။