❮ Prev . . . ၂၅ ၂၆ အခန်းကြီး ၂၇ ၂၈ ၂၉ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၇
၂၇း၃၃-၃၇ မသေဆုံးမီ အချိန်တွင် ဖခင်သည် ကောင်းကြီး ပေးခြင်းပွဲကို ပြုလုပ်ခဲ့ပြီး သင့်တော်သည့် အမွေဆက်ခံ နိုင်သောသူအား တရားဝင် သားဦးအရာကို လွှဲပေး ခဲ့ကြသည်။ သားအကြီးဆုံးသည် သားဦးအရာကို ရထိုက်သော်လည်း ကောင်းကြီးပေးခြင်းကို မပြုလုပ်မှီ အချိန်အထိ သူ့အနေဖြင့် မပိုင်ဆိုင်ပါ။ ကောင်းကြီး ပေးခြင်းကို မပြုရသေးမှီ အချိန်၌ ဖခင်သည် သားဦးအရာအား အကြီးဆုံးသော သားထံမှ ယူ၍ သင့်တော်သော သားအား ပေးနိုင်သည်။ သို့သော် ကောင်းကြီး ပေးသောအခါ၌ ထိုသားဦးအရာအား ပြန်လည်ရုပ်သိမ်း၍ မရပါ။ ထို့ကြောင့် ဖခင်တို့သည် နောက်ဆုံးအချိန်အထိ စောင့်ပြီး ကောင်းကြီးကို ပေးလေ့ရှိသည်။ သူ၏ အစ်ကိုမှ ယာကုပ် (Jacob) အား သားဦးအရာကို ပေးခဲ့ပြီးဖြစ်သော်လည်း ထိုအရာနှင့် အမှန်တကယ် ဆက်စပ်မှု ရှိရန်မှာ ဖခင်၏ ကောင်းကြီးပေးခြင်း လိုအပ်သည်။
❮ Prev . . . ၂၅ ၂၆ အခန်းကြီး ၂၇ ၂၈ ၂၉ . . . ၅၀ ဒေသနာကျမ်း Next ❯