❮ Prev . . . ၃၆ ၃၇ အခန်းကြီး ၃၈ ၃၉ ၄၀ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃၈
၃၈း၁၅-၂၄ ယုဒ (Judah) သည် ပြည့်တန်ဆာ (Prostitute) နှင့် ဆက်ဆံခြင်းအား မကွယ်မဝှက် ပြောဆိုခဲ့သော်လည်း သူ၏ချွေးမ တာမာ (Tamar) သည် ထိုကဲ့သို့ လုပ်ဆောင်သောသူ ဖြစ်သည်ဟု ထင်သောအခါ၌ အဘယ်ကြောင့် သတ်ပစ်လို ပါသနည်း။ ယင်းသို့ကွဲပြား မှုကို နားလည်ရန်မှာ ခါနာန် (Canaan) အမျိုးသမီးတို့၏ နေရာ၊ အခန်းကဏ္ဍကို နားလည်ရန်လိုအပ်သည်။ အမျိုးသမီးတစ်ဦး၏ အရေးကြီးသော လုပ်ဆောင်မှုမှာ အမျိုးကို ဆက်လက်တိုးပွားစေမည့် ကလေးများကို မွေးခြင်းဖြစ်သည်။ ထိုခင်ပွန်း၏ ကလေးဖြစ်ကြောင်း သေချာရန်မှာ ထိုအမျိုးသမီးသည် အပျိုဖြစ်ပြီး သူ၏ခင်ပွန်း တစ်ဦးတည်းနှင့်သာ ဆက်ခံရမည်။ ဇနီးသည်ဖောက်ပြန် သောအခါ၌ သူ့အားသတ်ပစ်ရမည်။ အချို့အမျိုးသမီး များသည် အိမ်ထောင်မရှိပါ။ ထိုသူတို့သည် ဘာသာရေးနှင့် ပတ်သက်သည့် ပြည့်တန်ဆာလုပ်ငန်းကို လုပ်ဆောင်ပြီး အလှူငွေ ထောက်ပံ့ကြေးကို ရယူသည်။ သူတို့ရရှိသော ကလေးများသည်လည်း မည်သူတစ်ဦး တစ်ယောက်၏ ကလေးမဟုတ်ပါ။ ထိုသို့ငှားရမ်းသည့် ယောင်္ကျားသည်လည်း မည်သူ၏ အမျိုးကိုမှ ပြစ်မှားမှု မရှိပါ။
ယုဒသည် ပြည့်တန်ဆာတစ်ဦးကို တစ်ညတာ ငှားရမ်းခြင်း၌ ဒုက္ခဟုမမြင်ခဲ့ပါ။ ထိုငှားရမ်းမှုအတွက် အဖိုးအခ ပေးမည်ဖြစ်သည်။ တာမာသည် ပြည့်တန်ဆာ ပြုခြင်းအားဖြင့် ကလေးရခဲ့လျှင် ထိုကလေးသည် ယုဒ၏ အမျိုးအနွယ်ဝင် မဟုတ်တော့ပါ။ ယုဒ၏ စိတ်၌ လိင်ဖောက်ပြန်ခြင်းနှင့် ပတ်သက်၍ မေးခွန်းမဖြစ်ပေါ်ခဲ့ပါ။ သူသည် အမွေပစ္စည်းများကို မိသားစုအတွင်း၌ ဆက်ခံရေးအတွက်သာ ပူပန်သည်။ တာမာသည် ယုဒအတွက် တရားဝင် အမွေဆက်ခံမည့်သူ ရရှိအောင်ပြုလုပ်ခဲ့သည်။ ယုဒအား မြူဆွယ်ခြင်းကို တာမာသည် ဝိညာဉ်ရေးရာ ဥပဒေသ အတိုင်း ပြုခဲ့ခြင်းဖြစ်သည်။ ယုဒသည် တတိယသားအား တာမာထံသို့ မစေလွှတ်ခြင်းကို ကြည့်ခြင်းအားဖြင့် ယုဒမှမျိုးနွယ် ဆက်ဆံရေးအတွက် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်းကို တွေ့ရသည်။
ဤဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် ဘုရားသခင်သည် ပြည့်တန်ဆာလုပ်ငန်းအား ပေါ့ပေါ့တွေးသည်ဟု မယူဆသင့်ပါ။ ကျမ်းစာတစ်ခုလုံး၌ ပြည့်တန်ဆာပြုခြင်းကို ကြီးမားသောအပြစ်ဟု စီရင်သည်။ မိသားစုတာဝန်ကို ကျေပြွန်စေရန် အတွက် တာမာမှ စိတ်ကောင်းစေတနာနှင့် ပြုခြင်းဖြစ်ပေမည်။ ယုဒနှင့်တာမာတို့သည် ယေရှုခရစ်တော်၏ ဘိုးဘေးများဖြစ်သည်။ (မဿဲ ၁း၁-၆)
❮ Prev . . . ၃၆ ၃၇ အခန်းကြီး ၃၈ ၃၉ ၄၀ . . . ၅၀ ဒေသနာကျမ်း Next ❯