❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

နိဒါန်း Introduction

ထို့နောက် ပေါလုက ကယ်တင်ခြင်းသည် ယုဒ (Jude) အမျိုးအနွယ် အတွက်လည်းကောင်း၊ လူတစ်ဦးစီ၏ စွမ်းအားပေါ်၌ လည်းကောင်း၊ မမူတည်ဘဲ လူသား အားလုံးအတွက် ဖြစ်သည်ဟူသော ဧဝံဂေလိတရားကို ဖော်ပြသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သူ၏ လုပ်ဆောင်ခဲ့မှု များကို လုံးဝယုံကြည်ခြင်းဖြင့် ကျေးဇူးတော် (မလုပ်ဆောင်ဘဲ၊ မထိုက်တန်ဘဲ ရရှိသည့် ဘုရားရှင်၏ မျက်နှာသာပေးမှု) ကြောင့် ကယ်တင်ခြင်းသို့ရောက်သည်။ ကျွန်ုပ်တို့သည် ခရစ်တော် အားဖြင့် ဘုရားရှင်ရှေ့တော်၌ ‘အပြစ်မရှိ’ ဟု စီရင်ခြင်းကို ခံရသည် (၃း၂၁ – ၅း၂၁)။ အထက်ပါ အချက်များကို အခြေခံလျက် ကယ်တင်ခံရခြင်း၏ အကျိုးဖြစ်သော လွတ်မြောက်ခြင်း [အပြစ်တရားလက်မှ လွတ်မြောက်ခြင်း (၆း၁-၂၃)၊ ပညတ်တရား လက်အောက်မှ လွတ်မြောက်ခြင်း (၇း၁-၂၅)၊ ခရစ်တော် ကဲ့သို့ဖြစ်လျက် ဘုရားရှင်၏ အတိုင်းအဆ မရှိသော မေတ္တာကို တွေ့ရှိခံစားနိုင်ခြင်း (၈း၁-၃၉)] ကို ဖော်ပြထားသည်။

ပေါလု (Paul) မှ ဂျူး (Jewish) လူမျိုး ညီအစ်ကိုမောင်နှမများ အတွက် သူ၏ ပူပန်မှုကို ရေးသားပြီး ဘုရားရှင်၏ အစီအမံတော်နှင့် ဂျူးလူမျိုးတို့ မည်သို့ ကိုက်ညီမှု ရှိကြောင်း ရှင်းပြထားသည် (၉း၁ – ၁၁း၁၂)။ ဘုရားရှင်သည် ဂျူးလူမျိုးများနှင့် တပါးအမျိုးသားများကို ဘုရားရှင်၌ တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် ဘုရားရှင်၏ ဥာဏ်ပညာနှင့် မေတ္တာတော်ကို စုပေါင်းချီးမွမ်းနိုင်ရန် စီမံထားခဲ့သည် (၁၁း၁၃-၃၆)။

ပေါလုမှ ဘုရားရှင်၌ လုံးဝဆက်ကပ် အပ်နှံထားသော အသက်တာ၌ အသက်ရှင်ခြင်း [ဝိညာဉ်တော် ဆုကျေးဇူးဖြင့် တစ်ဦးကို တစ်ဦး အစေခံခြင်း (၁၂း၃-၈)၊ တစ်ဦးနှင့် တစ်ဦး အမှန်တကယ်ချစ်ခြင်း (၁၂း၉-၂၁)၊ နိုင်ငံသားကောင်း ဖြစ်ခြင်း (၁၃း၁-၁၄)] ၏ အဓိပ္ပါယ်ကို ရှင်းပြထားသည်။ ကျွန်ုပ်တို့၏ လွတ်လပ်ခြင်းသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝလျှက် ယုံကြည်ခြင်း၌ တစ်ဦးကိုတစ်ဦး တည်ဆောက်ခြင်း၊ အားနည်းသော သူတို့ လိုအပ်ချက်များကို အလေးထား ကူညီခြင်းဖြစ်သည် (၁၄း၁ – ၁၅း၎)။ ပေါလုမှ စည်းလုံးခြင်း (အထူးသဖြင့် ဂျူးလူမျိုးများနှင့် တပါးအမျိုးသားတို့ စည်းလုံးခြင်း) ကို အလေးပေး ရေးသားခဲ့သည်။ (၁၅း၅-၁၃) နိဂုံးပိုင်းတွင် ပေါလုမှ ဤစာကို ရေးသားရသော အကြောင်းရင်းကို သုံးသပ်ခြင်း၊ သူ၏ ရှေ့လာမည့် အစီအစဉ် (၁၅း၂၂-၃၃)၊ မိတ်ဆွေများအား နုတ်ခွန်းဆက်သခြင်း တို့ကို တွေ့ရှိရသည်။

သင်သည် ရောမသြဝါဒစာကို ဖတ်ရှုရင်း သင်၏ ဘုရားရှင်အား ဆက်ကပ်မှုကို ဆန်းစစ်ပါ။ သင်နှင့် အခြားသော ယုံကြည်သူများ၏ ပေါင်းသင်းဆက်ဆံမှုအား ပို၍ ခိုင်မြဲအောင်ပြုလုပ်ပါ။

Continue… » »


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.