« Prev နိဒါန်း ဆာလံ ၁ ၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
နိဒါန်း Introduction
အခြေခံသွန်သင်ချက်များ
အပိုင်း (၁) ဆာလံ ၁း၁ – ၄၁း၁၃
ဆာလံကျမ်းများသည် ခေါင်းစဉ်တိတိကျကျဖြင့် ရေးသားထားခြင်းမရှိပါ။ မောရှေရေးသားခဲ့သော ကျမ်း ၅ကျမ်းနှင့် ယှဉ်၍လေ့လာလျှင် အထောက်အကူဖြစ်နိုင်ပါသည်။
ကမ္ဘာဦးကျမ်းတွင် လူသားတို့အား မည်ကဲ့သို့ဖန်ဆင်းခဲ့သည်၊ အပြစ်တရားအောက်သို့ မည်ကဲ့သို့ရောက်ရှိခဲ့သည်၊ ထိုမှကယ်တင်ခြင်းအတွက် ကတိတော်များ မည်သို့ရှိသည်ကို ဖော်ပြထားသည်။ ဆာလံကျမ်းသည်လည်း လူသားများကို ကောင်းကြီးခံရသောသူ၊ ကျရှုံးသောသူ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများအဖြစ် ရေးသားထားသည်။ အပိုင်း (၁) ကို အဓိကရေးခဲ့သူမှာ ဒါဝိဒ်ဖြစ်ပါသည်။
အပိုင်း (၂) ဆာလံ ၄၂း၁ – ၇၂း၂၀
ဤအပိုင်းသည် ဒါဝိဒ်မင်းနှင့် ကောရ၏သားများ ရေးသားခဲ့ပြီး “ထွက်မြောက်ရာကျမ်း Exodus” နှင့်ဆင်တူသည်။ ထွက်မြောက်ရာကျမ်းသည် ဣသရေလနိုင်ငံ၏ ပျက်စီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း အကြောင်းများကို ဖော်ပြခဲ့သည်။ ဘုရားသခင်သည် ဣသရေလနိုင်ငံကို ကယ်တင်ခဲ့သည့်နည်းတူ လူသားတိုင်းအား ကယ်တင်လိုပါသည်။ ကျွန်ုပ်တို့သည် ပြဿနာ၏ အဖြေကို ရှာဖွေရာ၌ ပြဿနာများကို ဘုရားသခင်ထံ တင်ပြပြီး ဘုရားသခင်ထံမှ အကူအညီကို တောင်းခံရန်ဖြစ်သည်။
အပိုင်း (၃) ဆာလံ ၇၃း၁ – ၈၉း၅၂
ဤအပိုင်းသည် အာသပ် သို့မဟုတ် အာသပ်၏ အမျိုးအနွယ်များက အဓိကရေးသားခဲ့ ကြပြီး “ဝတ်ပြုရာကျမ်း Leviticus” နှင့် ဆင်တူပါသည်။ ဝတ်ပြုရာကျမ်းတွင် တဲတော်အကြောင်းနှင့် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းများကို ရှင်းလင်းဖော်ပြ သကဲ့သို့ ဤအပိုင်းသည် ဗိမာန်တော်၌ ဘုရားသခင်၏ ကျိန်းဝပ်အုပ်စိုးခြင်း အကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်သည် ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသောကြောင့် အကျွန်ုပ်တို့သည် လွတ်ခြင်းအခွင့် ရရှိရန် ဘုရားသခင်ထံ ပြန်လည်ချဉ်းကပ် တိုးဝင်ရမည်။ ဤအခန်းများသည် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းသော အခန်းများဖြစ်ပြီး ဘုရားသခင်သည် သန့်ရှင်းတော်မူသော ဘုရားဖြစ်၍ ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်း ဂုဏ်တော်ကို ကျွန်ုပ်တို့ ကိုးကွယ် ဂုဏ်ပြုထိုက်ကြောင်း ဖော်ပြထားသည်။
« Prev နိဒါန်း ဆာလံ ၁ ၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »