« Prev နိဒါန်း ဆာလံ ၁ ၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
နိဒါန်း Introduction
ဆာလံကျမ်းတွင်တွေ့မြင်ရသော အဓိကအကြောင်းအရာများ
(၁) ဂုဏ်တော်ချီးမွမ်းခြင်းနှင့် ပတ်သက်၍
ဆာလံသီချင်း စာသားများတွင် ဖန်ဆင်းရှင်၊ ကယ်တင်ရှင်၊ ကူညီစောင်မသော အရှင်ဖြစ်သော ဘုရားသခင်၏ ဂုဏ်တော်များကို သီဖွဲ့ချီးမွမ်းထားသော စာသားများပါဝင်သည်။
ဂုဏ်တော်ချီးမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင်အား အသိအမှတ်ပြုခြင်း၊ အလေးတယူပြုခြင်း၊ ဘုရားသခင်၏ ကြီးမြတ်မှုများကို ဝန်ခံဖော်ထုတ်ခြင်း ပင်ဖြစ်သည်။
ချီးမွမ်းခြင်း၏ အရေးပါမှု
ဘုရားသခင်အကြောင်းကို အာရုံပြု စဉ်းစားဆင်ခြင်လိုက်ခြင်းဖြင့် ဘုရားသခင်အား ချီးမွမ်းလိုစိတ်ကို ဖြစ်ပေါ်စေသည်။ ဘုရားသခင်အား အတွင်းကျကျ သိလေ ဘုရားသခင်ကို သာ၍ ချီးမွမ်းလိုစိတ်ပေါ်လေ ဖြစ်တတ်သည်။
(၂) ဘုရားသခင်၏ တန်ခိုးတော်နှင့် ပတ်သက်၍
ဘုရားသခင်သည် တန်ခိုးတော် အနန္တနှင့် ပြည့်ဝသည်။ သူသည် အချိန်တိကျစွာ အလုပ်လုပ်တတ်သည်။ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားလည်းဖြစ်သည်။ ဖန်ဆင်းခြင်း၌ လည်းကောင်း၊ သမိုင်းကြောင်း၌ လည်းကောင်း၊ နှုတ်ကပါတ်တော် ကျမ်းစာတော်မြတ် ၌လည်းကောင်း၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးတော်များကို မြင်နိုင်ပါသည်။
တန်ခိုးတော်ကို သိရန်အရေးကြီးကြောင်း
ကျွန်ုပ်တို့ အသက်တာ၌ ကိုယ်ပိုင်အစွမ်းအစ လုံးဝမရှိတော့ကြောင်း သဘောပေါက်လာသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကူညီနိုင်ကြောင်း ကြိုတင်သိထားရန် လိုသည်။
သူ၏ စွမ်းအားသည် စိတ်ပျက်ခြင်း၊ နာကျင်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုးကို တွန်းလှန်အောင်မြင်နိုင်သည်။ ကျွန်ုပ်တို့အား အစဉ်အမြဲ ကာကွယ်မှုပေးရန်၊ လုံခြုံမှုပေးရန်၊ ခံနိုင်ရည်ရှိရန် ဆုတောင်းခြင်းဖြင့် အကူအညီတောင်းနိုင်သည်။
« Prev နိဒါန်း ဆာလံ ၁ ၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »