« Prev . . . ၁၃ ၁၄ ဆာလံ ၁၅ ၁၆ ၁၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၅

၁၅း၁ တဲတော်နှင့် သန့်ရှင်းသော တောင်တော်ဟူသည် ဘုရားသခင်သည် ကျိန်းဝပ်ရာ နေရာများပင် ဖြစ်သည်။ ဟေဗြဲ သီချင်းများတွင် ထပ်ခါ တလဲလဲ ဖော်ပြထားသည်။

၁၅း၂-၅ ကျွန်ုပ်တို့ အသက်ရှင် လှုပ်ရှားစဉ် အကျင့်စာရိတ္တဆိုင်ရာ စံနှုန်း သတ်မှတ်ချက်သည် လူ့အသိုင်းအဝိုင်းမှ လာသည် မဟုတ်ပေ။ ဘုရားသခင် ချမှတ်သော စံနှုန်းများပင် ဖြစ်သည် (ဟေရှာ ၃၃း၁၅၊ မိ ၆း၈၊ ဟဗ ၂း၎၊ မာ ၁၂း၂၉ -၃၁)။

ကျွန်ုပ်တို့ နှုတ်မွက်သည့် အရာတိုင်းသည် ဘုရားသခင်ကို ရောင်ပြန်ဟပ်စေသည်။ ခရစ်ယာန် တစ်ဦး ဖြစ်စေခြင်းကို ထင်ဟပ်ပေါ်လွင် စေသည်။ ထို့ကြောင့် မိမိနှုတ်ကို ချုပ်တည်းပါ။ အပြောအဆို ဆင်ခြင်ပါ။

မတရားသော အတိုးယူခြင်း၊ ချေးငှားခြင်းကို ဘုရားသခင် နှစ်သက်တော် မမူပါ။ မိမိတို့၏ ကျင့်ကြံပြုမူ ခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းစေပါ။ အကယ်၍ သင့်အသက်တာ၌ ဘုရားသခင် အုပ်စိုးမှု မရှိပဲ၊ ငွေရရှိရေးကသာ ထိန်းချုပ်နေပါလျင် အခြားသော သူများအတွက် အန္တရာယ်ဖြစ်စေ သည်သာမက၊ ဘုရားသခင်နှင့် သင်၏ မိတ်သဟာရ ပျက်စီးသွားမည်။

Continue… » »


« Prev . . . ၁၃ ၁၄ ဆာလံ ၁၅ ၁၆ ၁၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Scroll to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.