« Prev . . . ၁၅ ၁၆ ဆာလံ ၁၇ ၁၈ ၁၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၇

၁၇း၁ ကျွန်ုပ်တို့သည် ဘုရားသခင် ရှေ့တွင် အပြစ်သားများဖြစ်သည်။ ဒါဝိဒ်မင်းကြီးသည်လည်း အပြစ်ကင်းသည်ဟု ထင်ပါသလား။ ဒါဝိဒ်သည် အပြစ်မကင်းသော်လည်း သူ၏အပြစ်ကို ဘုရားသခင်ထံ ရိုးသားစွာ ဝန်ခံခဲ့သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ရင်းနှီးစွာ မိဿဟာရဖွဲ့၍ အစဉ်နောင်တရခြင်းဖြင့် ဝန်ခံဆုတောင်းခဲ့သည်။ သူ၏ကောင်းမြတ်ခြင်းနှင့် ပတ်သက်၍ ကြွေးကြော်ခြင်းသည် အပြစ်ကင်း၍မဟုတ်၊ ဘုရားသခင်နှင့် အစဉ်လိုက်လျှောက်နာခံမှု ရှိသည်ကို ဆိုလိုပါသည်။

၁၇း၈ ကျွန်ုပ်တို့သည် မိမိ၏မျက်ဆန်ကို မိမိကာကွယ်သကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကာကွယ် နေပါသည်။ ဘုရားသခင်၏ ကွယ်ကာခြင်းသည် ကျွန်ုပ်တို့ အခက်အခဲများကို ဖြေရှင်းသည်ထက် ဘုရားသခင်တွက် အစေခံကောင်း ဖြစ်စေရန် ပြုပြင်ပေးသည်

“အတောင်တော်အရိပ်” သည် ဘုရားသခင်၏ ကာကွယ်ခြင်းကို ဆိုလိုသည်။ မိခင်ငှက်မကြီးက သားငယ်ကလေးများကို အတောင်အားဖြင့် ကာကွယ်သကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကွယ်ကာလျက် ရှိသည် (တရား ၃၂း၁၁)။

၁၇း၁၃-၁၅ ကျွန်ုပ်တို့၏ စည်းစိမ် ကြွယ်ဝခြင်းဖြင့် မိမိတို့၏ ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်းများကို တိုင်းတာခြင်းသည် မိမိကိုယ်ကို လှည့်ဖြားခြင်းဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်နှင့် မိတ်သဟာရ ပြုခြင်းအတွက် အရိပ်ကဲ့သို့ လွှမ်းမိုးနေပေလိမ့်မည်။ ထိုစည်းစိမ် ချမ်းသာတို့သည် စစ်မှန်သော ကျေနပ်မှုကို မဖြစ်စေသည့်အပြင် မကြာမှီ ကွယ်ပျောက်သွားရပေမည်။

ပျော်ရွှင် ကျေနပ်မှုသည် ဘုရားသခင်၏ မေတ္တာတော်ကို ရရှိခြင်းနှင့် အလိုတော်နှင့်အညီ လိုက်လျောက် အသက်ရှင်ခြင်း၌သာ တွေ့ရသည်။ လောကီရေးရာထက် ဘုရားသခင်ကို ဦးစားပေးသင့်သည်။

၁၇း၁၅ “နိုးထသောအခါ” ဟုဖော်ပြခြင်းသည် ဒါဝိဒ်က “သေလွန်ပြီး နောက်တဖန် ဘုရားသခင်နှင့် အသက်ရှင်ခြင်း”ကို ယုံကြည်စွာ ပြောပြခြင်းဖြစ်သည်။ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို ဓမ္မဟောင်းကျမ်းတွင် ကျယ်ပြန့်စွာ မယုံကြည်ခဲ့သော်လည်း ကျမ်းပိုဒ်များ အားဖြင့် အနည်းငယ် နားလည် လက်ခံကြောင်း ဖော်ပြထားသည် (ယောဘ ၁၉း၂၅-၂၇၊ ဆာ ၁၆း၁၀၊ ဆာ ၄၉း၁၅၊ ဟေရှာ၂၆း၁၉၊ ဒံ ၁၂း၂-၁၃)။

Continue… » »


« Prev . . . ၁၅ ၁၆ ဆာလံ ၁၇ ၁၈ ၁၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.