« Prev . . . ၁၆ ၁၇ ဆာလံ ၁၈ ၁၉ ၂၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၈
၁၈း၃၀ ဘုရားသခင်ကို အားကိုးခြင်းသည် မိမိကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်သော လူညံ့တို့၏ အလုပ်ဟု တခါတရံ တွေးထင်တတ်ကြသည်။ မိမိကိုယ်တိုင် ရင်ဆိုင်ဖြေရှင်း ချင်ကြသည်။ သို့သော် တခါတရံ ကျွန်ုပ်တို့ ဖြေရှင်းရန် ခွန်အား မရှိတော့သောအခါ အမှန်တကယ်ပင် ဘုရားသခင်သည် ကွယ်ကာမှုကို ပေးပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား စိတ်ပျက် အားလျော့ခြင်းနှင့် ဆက်မနေစေလိုပါ။ ကျွန်ုပ်တို့ကို ခွန်အားပေးခြင်း၊ လမ်းပြခြင်းဖြင့် ဆက်လက်လျောက်လှမ်း စေပါသည်။ အဘယ်ကြောင့် ဆိုသော် လောက၌ စွမ်းအား အရှိဆုံးသော သူသည် ဘုရားသခင် ထက်ပင် အားနည်းပြီး ဘုရားသခင်၏ အကူအညီကို လိုအပ်သောသူ ဖြစ်သည်။
၁၈း၃၂-၃၄ ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာ၌ အခက်အခဲ အတားအဆီး များကို လုံးဝဖယ်ရှား မပေးသော်လည်း အောင်မြင်ဖို့ နည်းလမ်းကို ဘုရားသခင် ပေးနေပါသည်။ ထိုအခက်အခဲ များသည် ကျွန်ုပ်တို့ ဘဝ၏ ရင့်ကျက်မှုများကို ဖြစ်စေပါသည်။
၁၈း၄၀ ဒါဝိဒ်သည် ဘုရားသခင်၏ မေတ္တာနှင့် ပြည့်ဝသူ ဖြစ်သည်။ သူ့ကို ရန်မူလျက်ရှိသော ရှောလု (Saul) (၂ ရာ ၂၄း၁-၈) နာဗလံ (Nabal) (၁ ရာ ၂၅း၂၁) ရှိမိ (၂ ရာ ၁၆း၅) တို့၏ အသက်ကို ချမ်းသာပေးခဲ့သည်။ မေဖိဗောရှက် (Mephibosheth) အား ကြင်နာမှုကို ပြခဲ့သည် (၂ ရာ ၉)။
၁၈း၄၃ ဒါဝိဒ်၏ ကျော်ဇောခြင်း၊ တန်ခိုးကြီးခြင်းကို ဒဏ္ဍာရီတပုဒ်ကဲ့သို့ ပြောစမှတ် ပြုကြသည်။ စစ်ပွဲတိုင်း၌ အောင်နိုင်ခွင့် ရခဲ့သည်။ ဓမ္မရာဇဝင် ဒုတိယစာစောင်တွင် မှတ်တမ်းပြုထားသော အောင်မြင်မှုများမှာ- ယေဗုသိလူ (Jebusites) (၅း၆-၁၀) ဖိလ္လိတိလူ (Philippians) (၅း၁၇-၂၅၊ ၈း၁-၂) ဟာဒဒေဇာ (Hadadzer) (၈း၃-၄) ရှုရိလူ (Syrians) (၈း၅-၆၊ ၁၀) ဧဒုံလူ (Edomites) (၈း၁၃-၁၄) အမ္မုန်ပြည် (Ammon) (၁၂း၂၆-၃၁) တို့ဖြစ်သည်။ သို့သော် အောင်မြင်မှုများ အတွက် ဂုဏ်ယူဝါကြွားခြင်း မရှိပါ။ ဒါဝိဒ် သေချစွာ နားလည်ထားသည်မှာ သူကောင်းကြီးမင်္ဂလာ ခံစားရခြင်းသည် သူတစ်ဦးတည်း အတွက်မဟုတ်။ ဘုရားသခင်၏ လူတို့ အတွက်ပင်ဖြစ်သည် ဟူသည်။
« Prev . . . ၁၆ ၁၇ ဆာလံ ၁၈ ၁၉ ၂၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »