« Prev . . . ၁၇ ၁၈ ဆာလံ ၁၉ ၂၀ ၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၉

၁၉ ဤဆာလံကျမ်းတွင် ဒါဝိဒ်သည် ဖန်ဆင်းခြင်းမှသည် ကယ်တင်ခြင်းအကြောင်းကို ဆင်ခြင် ဖော်ပြနေခြင်းဖြစ်သည်။

မိမိတို့ ပတ်ဝန်းကျင် သဘာဝများအားဖြင့် ဘုရားသခင်၏ လက်ရာတော်များကို ဖော်ပြသည်။ ဘုန်းတန်ခိုးတော်ကို ခံစားရသည်။ ထိုမှ ကျွန်ုပ်တို့၏ အားနည်းချက် များကို သိရသည်။

ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဖော်ပြ၍ ကျွန်ုပ်တို့၏ အပြစ်များကို ဆင်ခြင်မိသည်။ မိမိတို့ အတွေ့အကြုံ အခက်အခဲ များအားဖြင့် ဘုရားသခင်၏ မေတ္တာတော်၊ ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းကို နားလည်ရသည်။

၁၉း၁-၆ ကျွန်ုပ်တို့ ပတ်ဝန်းကျင် ကမ္ဘာမြေကြီးသည် ဘုရားသခင်၏ ဘုန်းတန်ခိုး လက်ရာများဖြစ်သည်။ စကြာဝဠာ၏ တည်ဆောက်မှုကို နားမလည်နိုင်၍ စကြာဝဠာသည် အလိုအလျောက် ပေါ်ပေါက်လာသည်ဟု ပြောဆိုခြင်းသည် အဓိပ္ပါယ်မရှိပါ။ ဘုရားသခင်၏ စနစ်တကျ ဖန်ဆင်းခြင်း လက်ရာများ ဖြစ်သောကြောင့် ဖန်ဆင်းရှင်၏ ကြီးမြတ်တော်မူခြင်းကို ကျေးဇူးတော် ချီးမွမ်းပါ။

၁၉း၃-၄ သဘာဝ တရားသည် ဘုရားသခင် ရှိသည်ကို ညွှန်ပြဖော်ထုတ် သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်း သတင်းစကားကို နှုတ်ကပတ်တော် အားဖြင့် သိကြရသည်။ အခြားသော သူများအား ဘုရားသခင်နှင့် မည်ကဲ့သို့ မိတ်သဟာရ ဖွဲ့ရမည်ကို ညွှန်ကြားပြသ ရမည်။ သဘာဝ တရားအားဖြင့် ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်ကြောင်း လူတိုင်း လက်ခံ ယုံကြည်ကြ သကဲ့သို့ ဘုရားသခင်၏ မေတ္တာတော်ကို ကျွန်ုပ်တို့ အားဖြင့် တွေ့မြင်စေရန် အရေးကြီးသည်။ ကျွန်ုပ်တို့ကို အသုံးပြုလိုသည်။ သင်သည်လည်း ဘုရားသခင်၏ မေတ္တာတော်နှင့် အကြံအစည်တော် အတွက် မည်သည့်ကဏ္ဍ၌ ပါဝင်ဆောင်ရွက် နေပါသနည်း။

Continue… » »


« Prev . . . ၁၇ ၁၈ ဆာလံ ၁၉ ၂၀ ၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.