« Prev . . . ၁၇ ၁၈ ဆာလံ ၁၉ ၂၀ ၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၉

၁၉း၇-၁၁ ကျွန်ုပ်တို့သည် တရားဥပဒေနှင့် ပတ်သက်၍ ဆင်ခြင်သောအခါ ပျော်ရွှင်မှုမှ ကင်းဝေးစေသည်ဟု ရှုမြင်ကြသည်။ သို့သော် ပညာသတိရှိစေရန် ဆောင်ကြဉ်းပေးသည်။

ဘုရားသခင်၏ ဥပဒေသတို့မှာ ကျွန်ုပ်တို့အား ချုပ်ချယ်ခြင်းမဟုတ်ဘဲ အန္တရာယ်နှင့် သတိပေးချက်များကို ပြညွှန်ခြင်းဖြစ်သည်။ အောင်မြင်ခြင်းနှင့် မှန်ကန်သော လမ်းသို့ ဦးတည်စေပါသည်။

၁၉း၁၂-၁၃ ခရစ်ယာန်တို့သည် မိမိတို့ ပြုမိသော အပြစ်များကြောင့် ချည်နှောင်မှုများ ခံစားတတ်ကြသည်။ စိုးရိမ်မှုများ ပေါ်ပေါက် တတ်ကြသည်။ အပြစ်ကို သိခြင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ သင့်တော်လျောက်ပတ်စွာ ပြုမူဆောင်ရွက်ခြင်း၊ မိဿဟာရ ဖွဲ့ခြင်းအပေါ်၌ အဓိက ကျသော အရာဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ ပြုမိသည့် အပြစ်တိုင်းအတွက် ဝန်ချတောင်းပန် နောင်တရရန် အလိုတော် ရှိပါသည်။ ခွင့်လွှတ်တော် မူသည်။

၁၉း၁၄ ကျွန်ုပ်ပြောဆိုသော စကားတိုင်းနှင့် စိတ်နှလုံး အကြံအစည်သည် ဘုရားသခင် ရှေ့တော်၌ နှစ်သက်ဖွယ် အရာများဖြစ်သည်၊ မဖြစ်သည်ကို ဦးစွာဆင်ခြင်ပါ။

ဒါဝိဒ်သည် သူပြောဆို ကြံစည်ခြင်းများကို ယဇ်ပလ္လင်တွင် တင်လှူသော ယဇ်ကဲ့သို့ ဘုရားသခင် လက်ခံ အသိအမှတ် ပြုရန် စောင့်ဆိုင်းသည်။

သင်၏ နေ့စဉ် အသက်တာ အကြံအစည်၊ အပြောအဆို အပြုအမူတို့ကို ဘုရားသခင် နှစ်သက်စေရန် စောင့်ထိန်း ဆက်ကပ်ပါ။

Continue… » »


« Prev . . . ၁၇ ၁၈ ဆာလံ ၁၉ ၂၀ ၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.