« Prev . . . ၃၁ ၃၂ ဆာလံ ၃၃ ၃၄ ၃၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃၃
၃၃း၁ ဒါဝိဒ်သည် စောင်းတီးလျက် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ ဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ် ခဲ့သည် (၁ ဓမ္မ ၂၅)။
၃၃း၎ ကျွန်ုပ်တို့ သည်လည်း ဘုရားရှင်ကို ချီးမွမ်း၍ ကိုးကွယ် သင့်သည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် ချီးမွမ်းထိုက်သော သူဖြစ်သည်။ နှုတ်ထွက်တော်သည် ဖြောင့်မတ်တော် မူသည်။ စီရင်ချက်တို့သည် သစ္စာတရားနှင့် ပြည့်စုံတော် မူသည်။ ကမ္ဘာစင်္ကြာဝဋာ တခုလုံး ဘုရားသခင်၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက် ရှိသောကြောင့်တည်း။
၃၃း၉ ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ဖော်ပြထားသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်တော်မူ၍ ဘုန်းတန်ခိုးနှင့် ပြည့်စုံတော် မူသည်။
ဘုရားသခင်၏ အကြံအစည်တော်သည် ဘယ်သောအခါမှ ပြောင်းလဲမသွားပါ။ ကောင်းမြတ် စုံလင်သော ဆုကျေးဇူး ရှိသမျှတို့သည် ဘုရားသခင် ထံတော်မှာရှိသည်ဟု ကတိပေးထားသည် (ယာ ၁း၁၇)။
သင့်အသက်တာ၌ မည်သူ့ကိုမျှ အားကိုးယုံကြည်ခြင်း မရှိနိုင်သော်လည်း ဘုရားသခင်ကို အားကိုးယုံကြည်ပါ။
« Prev . . . ၃၁ ၃၂ ဆာလံ ၃၃ ၃၄ ၃၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »