« Prev . . . ၄၀ ၄၁ ဆာလံ ၄၂ ၄၃ ၄၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၄၂
၄၂း၁ ဤဆာလံ ၄၂ မှ ၄၉ သည် ကောရ (Korah) သားက ရေးသားခဲ့သည်။ သူသည် ဘုရား၏ အိမ်တော်တွင် အမှုဆောင်ခဲ့သည်။ ဒါဝိဒ်သည် ကောရ၏ သားစဉ်မြေးဆက်ကို ထာဝရဘုရား၏ အိမ်တော်၌ သီချင်းသည်များ အဖြစ် ခန့်ထားခဲ့သည် မိမိတို့အလှည့်ကျ သီဆိုလျက် အမှုတော်ကို စောင့်ရသည်။ သီချင်းသည် ခေါင်းဆောင်အဖြစ် ကောရအနွယ်သားကို ခန့်အပ်ခဲ့သည် (၁ ရာ ၆း၃၁-၃၈၊၂ ရာ ၂၀း၁၈-၁၉)။ နှစ်ရာပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။
၄၂း၂ သမင်ဒရယ် တို့သည် သောက်သုံးရေကို အမှီပြု၍ အသက်ရှင် နေထိုင်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်ကို အမှီပြု၍ အသက်ရှင် ရကြသည်။ ဘုရားသခင်ကို ရှာသော သူတို့သည် ထာဝရအသက်ကို ရရှိခံစား ရသည်။ ဘုရားသခင်နှင့် မိဿဟာဖွဲ့၍ မျက်မှောက်တော်သို့တိုးဝင်ရန် ဘုရားသခင်ကိုသာ မှီခိုးအားထားရမည်။
၄၂း၎ ဤကျမ်းကို ရေးသောသူ ဆာလံဆရာသည် ဘုရားသခင် ဗိမာန်တော်နှင့် ဝေးကွာ၍ ဗိမာန်တော်၌ ဝတ်ပြုခြင်း မပြုရသောကြောင့် စိတ်ဓာတ်ကျဆင်း ခဲ့ရသည်။ ဘုရားသခင်၏ သူတို့ အပေါ်လုပ်ဆောင်မှုများကို သတိရ အောက်မေ့စေရန် ပွဲတော်မျာကို ကျင်းပစေခဲ့သည်။
၄၂း၅ စိတ်ဓါတ်ကျဆင်းခြင်းသည် အသက်တာ၌ စိတ်ဝေဒနာ တစ်မျိုးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အပေါ် ဘုရားသခင် ပြုမူခဲ့သမျှကို ဆင်ခြင်အောက်မေ့ ခြင်းဖြင့် ဘုရားသခင် ရှေ့တော်မှောက် တိုးဝင်ခြင်းဖြင့် မျှော်လင့်ချက်များကို တိုးတက်စေပါသည်။ ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့ လုပ်ဆောင်မှုထက် ပိုလွန်ကြောင်း အာရုံစိုက်သင့်သည်။ သင်စိတ်ဓါတ် ကျဆင်းပါက ဘုရားသခင် အပေါ် အာရုံထား၍ ကျေးဇူးတော် ချီးမွမ်းပါ။
၄၂း၆ ဘုရားသခင်သည် ဟေရမုန် (Hermon) တောင်ရိုး၊ မိဇရ (Mount Mizar) ကုန်းပေါ်မှာ စိုးစံတော်မူသည်။ သန့်ရှင်းရာ တောင်တော်ဖြစ်သော ဇိအုန် (Zion) တောင်သည် ဣုသရေလတို့၏ မြို့တော်အဖြစ် ဒါဝိဒ်အမည်ပေးခဲ့သည်။ ဘုရားသခင်ကိုဖူးတွေ့ရန် ဝတ်ပြုကိုးကွယ်ဆုတောင်းရန် ဗိမာန်တော်ကိုတည်ဆောက်ခဲ့သည်။
« Prev . . . ၄၀ ၄၁ ဆာလံ ၄၂ ၄၃ ၄၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »