« Prev . . . ၅၄ ၅၅ ဆာလံ ၅၆ ၅၇ ၅၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၅၆
၅၆း၁ ဤကျမ်းကို ရေးသားချိန်၌ ဒါဝိဒ်သည် ရှောလုမင်း (King Saul) လက်မှ လွှတ်အောင် ထွက်ပြေးရသော အချိန်ဖြစ်သည်။ အာခိတ်မင်း (King Achish) ၏ လူများရှေ့တွင် ရူးသွပ်ဟန်ဆောင် ခဲ့သည် (၂ ရာ ၂၁း၁၀-၁၅)။
၅၆း၃ ဒါဝိဒ်က လူသည် ငါ၌ အဘယ်သို့ ပြုနိုင်ပါသနည်းဟု ပြောထားသည်။ လူတို့သည် ကျွန်ုပ်တို့အား နာကျင်စေခြင်း၊ လုယူဖျက်ဆီးခြင်း၊ အသေသတ်ခြင်းမှတပါး ကျွန်ုပ်တို့၏ ဝိညာဉ်ကို မဖျက်စီးနိုင်ပါ။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို မယုံကြည် နိုင်ခြင်းကသာ ထာဝရ မိမိ၏ ဝိညာဉ်ကို ဖျက်စီးရာရောက်သည်။ ထို့ကြောင့် ခန္ဓာကိုယ်သာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူကို မကြောက်သင့်ပါ (မ ၁၀း၂၈)။ အသက်တာနှင့် ကျွန်ုပ်တို့ ဝိညာဉ်ကို ပိုင်သော ဘုရားသခင်ကိုသာ ကြောက်ရပါမည်။
၅၆း၈ ကျွန်ုပ်တို့ကို ဘုရားသခင်က အစဉ်စောင်မ ကြည့်ရှုတော် မူသည်။ ဆံပင်များကိုပင် ရေတွက်လျက်ရှိသည် (မ ၁၀း၃၀)။ ထို့ကြောင့် သင်၏ ပြဿနာ အလုံးစုံနှင့် ဘဝအသက်တာ တခုလုံးကို ဘုရားသခင်ထံ အပ်နှံပါ။
« Prev . . . ၅၄ ၅၅ ဆာလံ ၅၆ ၅၇ ၅၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »