« Prev . . . ၆၆ ၆၇ ဆာလံ ၆၈ ၆၉ ၇၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၆၈
၆၈း၁ ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော်ကို သြဗဒေဒုံ (Obed-Edom) အိမ်မှ ယေရုရှလင်မြို့သို့ ပျော်ရွှင်စွာ သယ်ဆောင်ချိန်ကို သတိရစေသည် (၂ ရာ ၆း၁၁-၁၅)။
၆၈း၃ သေတ္တာတော်ကို သယ်ဆောင်စဉ် လူများသည် ဘုရားသခင်အား ချီးမွမ်းခြင်းဖြင့် သူတို့ အသက်တာ၌ ဝမ်းမြောက်ခြင်းကို ရရှိစေခဲ့သည်။ သင်သည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍ ဝမ်းမြောက်သော အသက်တာကို ရရှိခံစားပါ။
၆၈း၈ သိနတောင် (Mount Sinai) သည် ဣသရေလ သမိုင်းတွင် ထင်ရှားသည်။ မောရှေ (Moses) အား ဣသရေလများကို ကယ်တင်ရန် ဘုရားသခင် တာဝန်ပေးခဲ့သည်။ (ထွက် ၃း၁-၁၀) ပညာတ်တော်များကို ရရှိခဲ့သည် (ထွက် ၁၉း၁-၃)။ ဘုရားသခင်၏ တည်ရှိမှုကြောင့် တော်ကို လှုပ်ရှား၍ ပြသခဲ့သည် (ထွက် ၁၉း၁၈)။ သိနတောင် အားဖြင့် ဘုရားသခင်၏ ဘုန်းတော် ကတိများကို သတိရစေသည်။
ချိုးငှက်သည် ဣသရေလတို့၏ သင်္ကေတဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းကို သိနတောင်မှ အစပြု၏။ ယေရုရှလင်မြို့သို့ သေတ္တာတော် သယ်ဆောင်ခြင်းဖြင့် အဆုံးသတ်ထားသည်။
၆၈း၁၈ ဧဖက်သြဝါဒစာ ၄း၈ တွင်ဖော်ပြသော သခင်ခရစ်တော် လုပ်ဆောင်မှုကို ဖော်ညွှန်းသည်။ ကယ်တင်ခြင်း ဆိုသည်မှာ အပြစ်တရားနှင့် သေခြင်းတရား လက်မှ လွတ်မြောက်ခြင်းဖြစ်သည်။ ဘုရားသခင်ထံ ပြန်လာရန် ငြင်းဆန်သော သူများကို ဘုရားသခင်သည် ဖျက်ဆီးတော် မှုမည်။
၆၈း၃၄ ကျွန်ုပ်တို့ ပတ်ဝန်းကျင်သည် ဘုရားသခင်၏ ဘုန်းတော် လက်ယာတော် များကို ဖော်ပြသည်။ တခါတရံ ဘုရားသခင်၏ ဘုန်းတော်လက်ယာများကို မချီးမွမ်းနိုင်လောက်အောင် လောက အရာများဖြင့် မေ့နေတတ်ကြသည်။ သင်သည် ထိုသို့ မဖြစ်မိစေရန် သတိပြု ဆင်ခြင်ပါ။
« Prev . . . ၆၆ ၆၇ ဆာလံ ၆၈ ၆၉ ၇၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »