« Prev . . . ၈၈ ၈၉ ဆာလံ ၉၀ ၉၁ ၉၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၉၀

၉၀း၎ ကျွန်ုပ်တို့ လောကတွင် အသက်ရှင်ခြင်း အနှစ်တစ်ထောင်သည် ဘုရားသခင်အတွက် တစ်ရက်ဖြစ်သည်။ နှစ်ကာလကြာမြင့်လေ၊ ကျွန်ုပ်တို့ လောကသားများသည် ပို၍ ဆိုးရွားလာလေဖြစ်သည်။ တစ်ခါတရံ ဘုရားသခင်သည် အနာဂတ်ကို ပြင်ဆင်ပါရဲ့လားဟု သံသယဝင်တတ်ကြသည်။ ဘုရားသခင်သည် ထာဝရတည်တော်မူသည်။ ကျွန်ုပ်တို့ ဘုရားသခင်ကို မှီခို၍ အသက်တာကို လျှောက်လှမ်းသင့်သည်။

၉၀း၈ ကျွန်ုပ်တို့သည် လူများသိသော အပြစ်၊ မသိသော အပြစ်များကို ပြုနေကြပါသော်လည်း ဘုရားသခင် သိတော်မူသည်။ ဘုရားသခင်ရှေ့တွင် ဖုံးကွယ်ထား၍ မရပါ။ ပွင့်လင်းရိုးသားစွာ ဝန်ခံပါ။ ဘုရားသခင် အပြစ်ကို ခွင့်လွှင့်တော်မူသည်။

၉၀း၁၂ မိမိတို့ အသက်တာသည် တိုတောင်းလွန်းသော်လည်း ပညာသတိရှိစွာ အသုံးပြုဖို့ ဘုရားသခင် အလိုတော်ရှိပါသည်။ သင်သည်မသေဆုံးမီ မည်သည့်အရာကိုဖြစ်မြောက် လိုပါသနည်း။ သင် ယနေ့ ဘာလုပ်ဆောင် နေပါသနည်းဟု တစ်နေ့တာကို အချိန်ယူ သုံးသပ်ပါ။

၉၀း၁၇ ကျွန်ုပ်တို့ လုပ်ဆောင်မှုများသည် ထိရောက်မှု ရှိပါသလားဟု တွက်ချက်လေ့ရှိသည်။ တိုးပွားစေလိုသည်။ ဘုရားသခင်၏ ထာဝရ ကာလအတွက် လုပ်ဆောင်မှုများကိုပါ စဉ်းစားဆင်ခြင်ပါ။

အကယ်၍ အသက်တာ မပြည့်စုံမှုများအပေါ် ကျေနပ်မှု မရှိခဲ့ပါလျှင် ဘုရားသခင်ထံ အပ်နှံပါ။ အဓိက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်၍ အစေခံရန်ပင် ဖြစ်သည်။

Continue… » »


« Prev . . . ၈၈ ၈၉ ဆာလံ ၉၀ ၉၁ ၉၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.