« Prev . . . ၁၁၇ ၁၁၈ ဆာလံ ၁၁၉ ၁၂၀ ၁၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၁၉

၁၁၉း၁ ဤကျမ်းပိုဒ်သည် အရှည်ဆုံးသော ဆာလံကျမ်းပိုဒ် ဖြစ်သည်။ ဗိမာန်တော် (Temple) ပြန်လည် တည်ဆောက်ပြီးချိန် ယေဇကျေလ (Ezekiel) မှ ရေးသားခဲ့သည် (ယေဇ ၆း၁၄-၁၅)။ အခန်းငယ် ၂၂ ခန်း ပါရှိသည်။ ထိုခေတ်ကာလ၌ ကျမ်းစာအုပ်များ မရှိသောကြောင့် ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ် ရွတ်ဆိုခြင်းဖြင့် မျိုးနွယ်တစ်ဆက်မှ တစ်ဆက်သို့ ကူးပြောင်းပျံ့ နှံ့စေပါသည်။ ကျွန်ုပ်တို့အသက်တာ၌ သန့်ရှင်းသော အသက်တာဖြင့် လျှောက်လှမ်းနိုင်ရန် နှုတ်ကပတ်တော်က လမ်းပြပေးထားသည်။

၁၁၉း၉ ညစ်ညူးမှုများနှင့် ပြည့်ဝနေသော ဤလောကကြီးတွင် သန့်ရှင်းစွာ ကျွန်ုပ်တို့မည်သို့ နေထိုင် အသက်ရှင် ရပါမည်နည်း။ ဤမေးခွန်းသည် ခက်ခဲသော မေးခွန်းဖြစ်ပါသည်။ ကျွန်ုပ်တို့ ခွန်အားနှင့် အသက်ရှင်၍ မရပါ။ ကျွန်ုပ်တို့ ထက်ကြီးသော ခွန်အားဖြင့်သာ ရနိုင်ပါသည်။ ထိုခွန်အားကို မည်သည့်နေရာတွင် တွေ့ရပါမည်နည်း။ ကျမ်းစာဖတ်ရှုခြင်း၊ သမ္မာကျမ်းစာ အတိုင်း အသက်ရှင် နေထိုင်ခြင်းဖြင့်သာ ရရှိနိုင်ပါသည်။

၁၁၉း၁၁ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်နှလုံးထဲ၌ သိုထားခြင်းသည် ကျွန်ုပ်တို့ကို အပြစ်နှင့် ဝေးကွာစေပါသည်။ နေ့စဉ် အသက်ရှင်မှုတိုင်း၌ နှုတ်ကပတ်တော်တွင် ပါရှိသော ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်ရပေမည်။

၁၁၉း၁၂-၁၄ ဥပဒေသသည် ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် အရာများအတိုင်းထက် အလွန် မလုပ်ဆောင်ရန် ကန့်သတ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့၏ အားနည်းမှု၊ ပျက်စီးခြင်းများကို ကွယ်ကာ ထိန်းကျောင်းပေးသည်။ ဘုရားသခင် ဖြစ်စေလိုသည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် ကူညီပေးသည်။

၁၁၉း၁၉ ကျွန်ုပ်တို့ ဘဝခရီးလမ်းတွင် လျှောက်လှမ်းကြစဉ် သမ္မာကျမ်းစာ၏ လမ်းညွှန်မှုကို လိုအပ်ပါသည်။ သမ္မာကျမ်းစား အားဖြင့် လုံခြုံမှုကို ရရှိစေသည်။ ရှောင်ရှားရမည့် အန္တရာယ်ကို သိရှိနိုင်သည်။ အရောက်သွားရမည့် ပန်းတိုင်ကို ဖော်ပြပေးသည်။

Continue… » »


« Prev . . . ၁၁၇ ၁၁၈ ဆာလံ ၁၁၉ ၁၂၀ ၁၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.