❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အဓိပ္ပါယ်ဖွင့်ဆိုချက်များ Definitions
အပြစ်
ရှင်းလင်းချက်
အပြစ်ဆိုသည်မှာ ဘုရားရှင်၏ အလိုတော်ကို လိုက်လျှောက်ရန် ငြင်းဆန်ခြင်း၊ ဘုရားရှင် လုပ်စေလိုသော အရာများကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ အာဒံ (Adam) က ဘုရားရှင်အား ပုန်ကန်ခြင်းမှ အစပြု၍ ကျွနု်ပ်တို့သည် သဘာဝအားဖြင့် ဘုရားရှင်အား နာခံလေ့မရှိပါ။ ကျွန်ုပ်တို့၏ အပြစ်များက ကျွန်ုပ်တို့ကို ဘုရားရှင်နှင့် ကွာဝေးစေသည်။ အပြစ်က ကျွနု်ပ်တို့အား ဘုရားရှင်၏ အလိုအတိုင်း မဟုတ်ဘဲ ကျွန်ုပ်တို့၏ အလိုအတိုင်း အသက်ရှင် လိုမှုကို ဖြစ်စေသည်။ ဘုရားရှင်သည် အကျင့်သီလနှင့် ပြည့်စုံပြီး တရားမျှတသည်ဖြစ်၍ သူသည် အပြစ်ကို စီရင်ပိုင်ခွင့် ရှိသည်။
အရေးပါမှု
လူတိုင်းသည် ဘုရားရှင်အား ပုန်ကန်ခြင်းဖြင့် လည်းကောင်း၊ ဘုရားရှင်၏ အလိုတော်ကို ပစ်ပယ်ခြင်းဖြင့် လည်းကောင်း အပြစ်ပြု လျက်ရှိသည်။ ကျွန်ုပ်တို့၏ ဘဝနောက်ခံသည် မည်သည့် အခြေအနေ၌ ရှိသည်ဖြစ်စေ ကောင်းမွန်သည့် အကျင့်စာရိတ္တနှင့် အသက်ရှင်နိုင်အာင် မည်သို့ပင် ကြိုးစားသည်ဖြစ်စေ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို မရနိုင်ပေ။ ကျွန်ုပ်တို့၏ အပြစ်များကို ထိုအရာတို့အားဖြင့် မပယ်ရှားနိုင်ပေ။ ခရစ်တော်သာလျှင် ကျွန်ုပ်တို့ကို ကယ်တင်နိုင်သည်။
ကယ်တင်ခြင်း
ရှင်းလင်းချက်
ကျွန်ုပ်တို့၏ အပြစ်က ကျွန်ုပ်တို့အား အပြစ်လွတ်ခြင်းနှင့် သန့်ရှင်းခြင်း လိုအပ်ကြောင်း ထောက်ပြသည်။ ကျွနု်ပ်တို့သည် မထိုက်တန်သော်လည်း ဘုရားရှင်သည် ဂရုဏာတော်အားဖြင့် ကျွန်ုပ်တို့အား ချစ်ခင်လျက် အပြစ်လွတ်လျက်ရှိသည်။ သူသည် ကျွန်ုပ်တို့အား ကယ်တင်ခြင်း လမ်းကို ပေးခဲ့သည်။ ခရစ်တော်၏ အသေခံခြင်းသည် ကျွန်ုပ်တို့ အပြစ်အတွက် အဖိုးအခ ပေးခြင်းလည်း ဖြစ်သည်။
အရေးပါမှု
ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်ခြင်းသည် ကောင်းသော သတင်းဖြစ်သည်။ သို့သော် ယေရှုခရစ်နှင့် အပြစ်လွတ်ခြင်းတို့အား ကျွန်ုပ်တို့က ယုံကြည်ရန် လိုအပ်သည်။ သို့မှသာ ဘုရားရှင်နှင့် အသစ်သော သာယာသည့် မိတ်သဟာယ ပြုမှုကို ရရှိမည် ဖြစ်သည်။
ကြီးထွားခြင်း
ရှင်းလင်းချက်
ဘုရားရှင်၏ တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းခြင်းသို့ ရောက်ရသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် အပြစ်မှကင်းဝေး၍ ဘုရားရှင်အား ပို၍နာခံန်ုင်သည်။ ဘုရားရှင်၏ အသွင်သဏ္ဍာန်နှင့် ပို၍တူလာနိုင်သည်။ ကျွန်ုပ်တို့နှင့် ဘုရားရှင် ဆက်သွယ်မှု ပို၍ကြီးထွားနက်နဲ လာသည်နှင့်အမျှ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ပညတ်တရား၏ တောင်းဆိုခြင်းမှလည်းကောင်း၊ စီရင်မှုအား ကြောက်ရွံ့ခြင်းများမှ လည်းကောင်း၊ လွတ်မြောက်စေသည်။
အရေးပါမှု
ကျွန်ုပ်တို့သည် အပြစ်တရား၏ ထိန်းချုပ်မှု၊ ပညတ်တရား၏ တောင်းဆိုမှု၊ စီရင်တော် မူချက်များအား ကြောက်ရွံ့မှုတို့မှ လွတ်မြောက်သည် ဖြစ်၍ ကျွန်ုပ်တို့နှင့် ခရစ်တော်၏ ဆက်သွယ်ခြင်းသည် ပို၍ကြီးထွားနက်နဲလာနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၌ ကိုးစားယုံကြည်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အား ကူညီစေခြင်းဖြင့် ကျွနု်ပ်တို့သည် အပြစ်နှင့် သွေးဆောင်မှုများကို ကျော်လွှားနိုင်သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯