« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်းရှိ အမျက်ဒေါသနှင့်ဂလဲ့စားခြေမှု
(၃) မတရားမှုကို ခံရလျှင် ကျွန်ုပ်တို့ စိတ်အတွင်း၌ ဂလဲ့စား ခြေလိုစိတ်ကို ဖြစ်ပေါ်စေမည်။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်သဘောသည်လည်း ဆာလံဆရာတို့၏ စိတ်သဘောနှင့် တူညီမှုရှိကြောင်း တွေ့ရမည်။ ဆာလံဆရာ ခေတ်၌ ရန်သူအပေါ် မေတ္တာထားရမည် ဟူသော ယေရှုပညတ် မရှိသေးပါ။ မကောင်းသော အရာများအား ကောင်းသောအရာနှင့် တုန့်ပြန်ရန် ကျွန်ုပ်တို့သည် အစဉ် စိန်ခေါ်ခြင်း ခံရလျှက်ရှိသည်။ ထိုစိန်ခေါ်ချက်ကို မတုန့်ပြန်သရွေ့ ကာလပတ်လုံး ခွင့်လွှတ်ရန် ဘုရားရှင်၏ အကူအညီ လိုအပ်ကြောင်း သင်သိရှိမည် မဟုတ်ပါ။
(၄) အမျက်ဒေါသကို ဖော်ပြသော ဆာလံကျမ်းများနှင့် ဂလဲ့စားခြေလိုမှုကို ဖော်ပြထားသော ကျမ်းများအား ယှဉ်တွဲလေ့လာနိုင်သညါ။ အမျက်ဒေါသကို ဖော်ပြထားသော ကျမ်းများသည် ပြင်းထန်သော စကားလုံးများနှင့် ကွင်းကွင်းကွက်ကွက် ရေးထားသည်။ သို့သော်လည်း ထိုရေးသားချက်များသည် ဘုရားရှင်ထံသို့ ဦးတည်သည်။ ဆာလံဆရာသည် မိမိ၏ လူများကို ကြည့်ရှုရသောအခါ (သို့) ဘုရားရှင်၏ နှေးကွေးစွာ လုပ်သောအခါ၌ သူ၏ စိတ်ပျက်မှုများကို ရဲဝံ့စွာရေးထားသည်။ ထိုခံစားချက်များကို ဖြူစင်သော စိတ်ထားဖြင့် ဘုရားရှင်ထံ ဖော်ပြသောကြောင့် နောက်ပိုင်း၌ ဘုရားရှင်၏ သစ္စာရှိခြင်းအပေါ်ယုံကြည်စိတ်ချမှု အသစ်တဖန် လန်းဆန်းလာစေသည်။ ဂလဲ့စားချေလိုမှုကို ဖော်ပြထားသော ကျမ်းများကိုလည်း အထက်ပါအတိုင်း သုံးသပ်နိုင်သည်။
ဥပမာ။ ။ ဒါဝိဒ် (David) သည် ရှောလု (Saul) အပေါ်၌ လွန်စွာ အမျက်ထွက်ခဲ့သည် (ဆာလံ ၅၉ )။ ရှောလုအပေါ် ဒါဝိဒ် မည်သည့်အခါမျှ ဂလဲ့စား မချေကြောင်း ကျွန်ုပ်တို့ သိရသည်။ ဆာလံဆရာများသည် သူတို့၏ ခံစားမှုများကို ဘုရားသခင် ဖြေရှင်းပေးမည် ဖြစ်ကြောင်း ယုံကြည်စိတ်ချလေသည်။ ထိုသို့သော စိတ်ချခြင်းဖြင့် သင်သည်လည်း ဘုရားရှင်အား ဆုတောင်းပါ (ဆာလံ ၁၀၊ ၂၃၊ ၂၈၊ ၃၅၊ ၅၉၊ ၆၉၊ ၁၀၉၊ ၁၃၇၊ ၁၃၉-၁၄၀)။
« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »