« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း၌ ဖော်ပြထားသောတရားမျှတမှု
တရားမျှတမျှသည် ဆာလံကျမ်း၏ အဓိက ဆိုလိုချက်ဖြစ်သည်။ ဘုရားရှင်သည် တရားမျှတတော် မူသောကြောင့် ဆာလံဆရာက ဘုရားရှင်အား ချီးမွမ်ထားသည်။ ဖိနှိပ်ချုပ်ချယ်မှုများ၊ မတရားမှုများကို ကြုံတွေ့ရသောအခါ၌ ဘုရားရှင် ကြားဝင်ဆောင်ရွက် ပေးရန် တောင်းလျှောက် ခဲ့ကြသည်။ စည်းစိမ်းချမ်းသာမှု အပေါ်၌ ဖြောင့်မတ်စွာ ပြုမူသော သူတို့အား ချီးမွမ်းထားသည်။
ဆာလံဆရာ ဆိုလိုသော တရားမျှတမှုသည် ရိုးသားမှုထက် အဓိပ္ပါယ်ပိုသည်။ တရားမျှတမှု ဆိုသည်မှာ အားနည်းသောသူ ဆင်းရဲသော သူများအား ကိုယ်ထိလက်ရောက် ကူညီခြင်းလည်း ဖြစ်သည်။ ဆာလံဆရာသည် ဆင်းရဲသားများ၏ လိုအပ်သော အရာများကိုသာ ဂရုစိုက်စေရန် မရည်ရွယ်ဘဲ ဘုရားရှင်၏ လူများအား မတရားဖိနှိပ် ချုပ်ခြယ်မှု ပြုနိုင်သော နိုင်ငံများကို ဖျက်ဆီးပစ်ရန် ဘုရားရှင်အား သနားခဲ့သည်။
တရားမျှတမှုနှင့် ပတ်သက်၍ ပြောဆိုထားသော ဥပမာများကို အောက်တွင် ဖော်ပြပါမည်။ ဤကျမ်းစာများကို ဖတ်ရှုသောအခါ၌ သင့်ကိုယ်သင် မေးရမည့် မေးခွန်းမှာ- ငါ၏ အိမ်နီးချင်းသည် မည်သူနည်း။ ကျွန်ုပ်အသက်တာ၏ အမူအကျင့်များသည် ကျွန်ုပ်ထက် အားနည်းနိမ့်ကျ သူများအား ကူညီမှု ဖြစ်စေပါသလား (သို့) ထိခိုက်မှု ဖြစ်စေပါသလား။ အကူအညီ လိုအပ်လျှက်ရှိသော သူအား မည်သို့သော အကူအညိ တစ်ခုကို လုပ်ဆောင်ပေးနိုင် မည်နည်း။
အခြေပြုကျမ်း – ဆာလံ ၇၊ ၉၊ ၁၅၊ ၃၇၊ ၅၀၊ ၇၅၊ ၈၂၊ ၉၄၊ ၁၄၅
« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »